ပညာရေးကောလိပ်နဲ့ ဆရာအတတ်သင်ကျောင်း ၅၀မှာ စတင်သွားမှာပါ
Nyein Min Wai

ပညာရေးဝန်ကြီးဌာန ၊ Ooredoo မြန်မာနဲ့ Google တို့ ပူးပေါင်းပြီး ပညာရေးကောလိပ် နဲ့ ဆရာအတတ်သင်ကျောင်းပေါင်း ၅၀ မှာ ဒီဂျစ်တယ် ကျင့်ဝတ်သင်တန်း အစီအစဉ်များ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Google နဲ့ Ooredoo တို့ပူးပေါင်းဆောင်ရွက်လိုက်တဲ့ ဒစ်ဂျစ်တယ်နည်းပညာသင်တန်းအစီအစဉ်ကို နိုဝင်ဘာလ ၆ ရက်နေ့က နေပြည်တော် Kempinski ဟိုတယ်မှာ မိတ်ဆက်ခဲ့တာပါ။ နိုင်ငံတစ်ဝှမ်း ဒီဂျစ်တယ် ဗဟုသုတ တိုးပွားစေရေးနဲ့ နိုင်ငံသားတိုင်း လိုက်နာကျင့်သုံးသင့်တဲ့ ဒီဂျစ်တယ်ကျင့်ဝတ်သင်တန်း အစီအစဉ်ဟာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်တဲ့ အစီအစဉ်တစ်ရပ် ဖြစ်ပြီး အစီအစဉ်ရဲ့ ပထမအဆင့်မှာ ပညာရေးကောလိပ် ၂၅ ခုနဲ့ ဆရာအတတ်သင်ကျောင်း ၂၅ ကျောင်း ပါဝင််မယ်လို့ ဆိုပါတယ်။

Photo: Duwun Tech


" ကျွန်တော်တို့အနေနဲ့ Google နဲ့ပူးပေါင်းပြီး ကလေးငယ်တွေအနေနဲ့ အင်တာနက်ကိုကျယ်ကျယ်ပြန့်ပြန့် စနစ်တကျနဲ့ တာဝန်သိသိ အသုံးပြုနိုင်ဖို့ တိုက်တွန်းတဲ့အနေနဲ့ သူတို့ရဲ့ကျောင်းတွေမှာ ဒစ်ဂျစ်တယ် ဗဟုသုတနဲ့ ပတ်သက်ပြီး သင်ကြားပေးတာပါ။ ငယ်ရွယ်စဉ်မှာ သင်ကြားပေးနိုင်ခြင်းဟာ အနာဂတ်မှာ နိုင်ငံသားတိုင်း လိုက်နာကျင့်သုံးသင့်တဲ့ ဒစ်ဂျစ်တယ် ကျင့်ဝတ်ကောင်းတွေကို လိုက်နာကျင့်သုံးနိုင်မှာ ဖြစ်ပါတယ်။" လို့ Ooredoo မြန််မာရဲ့ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Mr.Rajeev Sethi မှ ဆိုပါတယ်။

ယခုသင်တန်းတွေဟာ Ooredoo ရဲ့လူမှုအကျိုးပြုလုပ်ငန်းဖြစ်တဲ့ 'ဒစ်ဂျစ်တယ်ဘဝ ပြည့်စုံဖို့ အင်တာနက်ဖြင့် လေ့လာစို့"လူမှုအကျိုးပြုလုပ်ငန်း အစီအစဉ်အောက်မှာ ပြုလုပ်တဲ့ ဒုတိယမြောက် ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။ဒီဂျစ်တယ် ကျင့်ဝတ်ဆိုင်ရာ သင်တန်း ပို့ချမယ့်ကျောင်းတွေနဲ့ ကောလိပ်များအတွက် Ooredoo မှ အင်တာနက် ချိတ်ဆက်မှုနဲ့ လက်ပ်တော့ အလုံးရေ ၃၀၀ ကူညီ ထောက်ပံ့ပေးမယ်လို့လည်း သိရပါတယ်။

Photo: Duwun Tech

Ooredoo ဟာ ပြီးခဲ့တဲ့ ဇွန်လလယ်ကလည်း Facebook နဲ့ GSMA အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး Ooredoo အရောင်းဆိုင် ၆၀၀ ခန့်မှာ ကျေးလက်ဒေသ အင်တာနက် စတင်အသုံးပြုသူတွေအတွက် အွန်လိုင်းသတင်းအချက်အလက်နဲ့ ဘေးကင်းအောင် အသုံးပြုပုံတွေကို အသိပညာပေး လုပ်ဆောင်မယ့် Internet 1O1 အစီအစဉ်တစ်ရပ် မိတ်ဆက်ထားပါတယ်။


က္က