operators ၄ ခုစလုံးကို လေ့လာတိုင်းတာခဲ့တာပါ

     ကြိုးမဲ့မိုဘိုင်းကွန်ရက် လွှမ်းခြုံမှုအနေအထားကို တိုင်းတာစစ်ဆေးတဲ့ OpenSignal အဖွဲ့အစည်းဟာ MyTel ကို အကောင်းဆုံးမိုဘိုင်းအတွေ့အကြုံပေးစွမ်းနိုင်တဲ့ တယ်လီကွန်းအော်ပရေတာအဖြစ် ဆု ၂ ဆု ပေးခဲ့ပါတယ်။

         ၂၀၁၉ ဇန်နဝါရီ ၁ ရက်ကနေ မတ်လ ၃၁ ရက်နေ့အထိ သုံးလပတ်အတွင်း ကွန်ရက်အရည်အသွေး တိုင်းတာ စစ်ဆေးမှုပေါင်း ၁၈၀၀၀၂၅၁၅ ခု လုပ်ဆောင်ပြီး OpenSignal ဟာ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး မိုဘိုင်းကွန်ရက်အတွေ့အကြုံစစ်တမ်း Myanmar Mobile Network Experience Report May 2019 အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာပါ။

         OpenSignal အနေနဲ့Mobile Experience Awards အတွက် ပြည်တွင်း တယ်လီကွန်းအော်ပရေတာ ၄ ခုစလုံးကို တိုင်းတာ သတ်မှတ်ပေးခဲ့တာ ဖြစ်ပြီး ဆုအနေနဲ့4G လိုင်းရရှိမှု ၊ အွန်လိုင်းဗွီဒီယိုအတွေ့အကြုံ ၊ ဒေါင်းလုပ်အမြန်နှုန်း ၊ Upload အမြန်နှုန်းနဲ့လိုင်းဆွဲအား ကြန့်ကြာမှု အတွေ့အကြုံဆိုပြီး ကဏ္ဍ ၅ ခု ရွေးချယ်ပေးအပ်ခဲ့ပါတယ်။

         MyTel ဟာ 4G Availability နဲ့Video ကြည့်ရှုမှုအတွေ့အကြုံပိုင်းမှာ Winner ဖြစ်ခဲ့ပြီး အင်တာနက် Download Speed မှာ Ooredoo နဲ့အတူ အကောင်းဆုံး အော်ပရေတာအဆင့် ဝင်ခဲ့ပါတယ်။ Ooredoo ဟာ Upload Speed အကောင်းဆုံး အော်ပရေတာ ဖြစ်ခဲ့ပြီး လိုင်းဆွဲအား ကြန့်ကြာမှု အနည်းဆုံး အော်ပရေတာကတော့ Telenor အဖြစ် OpenSignal က သတ်မှတ်ခဲ့ပါတယ်။

         OpenSignal ရဲ့ ထုတ်ပြန်ချက်အရ MyTel ဟာ 4G ကွန်ရက်ဖြန့်ကျက်နိုင်မှုနှုန်းမှာ ၉၂.၉% ရှိခဲ့ပြီး Ooredoo က ၈၂.၃% ၊ Telenor နဲ့MPT တို့ကတော့ ၈၀% စီ ရှိခဲ့တယ်လို့ဆိုပါတယ်။ အွန်လိုင်းကနေ ဗွီဒီယိုကြည်ရှုနိုင်တဲ့ အရည်အသွေးမှာ OpenSignal က သတ်မှတ်ထားတဲ့ အမှတ် ၁၀၀ မှာ MyTel ဟာ ၆၈.၆ မှတ်ရခဲ့ပါတယ်။

         မြန်မာနိုင်ငံအတွင်း တိုင်းတာချက်များအရ ၆၅ မှတ်ကနေ ၇၅ မှတ်အတွင်း ရတဲ့ အော်ပရေတာဟာ အလွန်ကောင်းတဲ့ Very Good Rating မှာ ရှိထားပြီး ကျန်တဲ့ အော်ပရေတာ ၃ ခုစလုံးဟာ Good Rating ဖြစ်တဲ့ (၅၅ မှတ်ကနေ ၆၅ မှတ်) အတွင်းပဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo: OpenSignal

         Ooredoo နဲ့MyTel တို့ဟာ ဒေါင်းလုပ်မြန်နှုန်းမှာ ပျမ်းမျှ 19Mbps နှုန်းစီ ရှိခဲ့ကြပြီး 4G Download speed မှာ Ooredoo က ပိုသာပေမယ့် 4G ကွန်ရက်ဖြန့်ကျက်မှု ပိုမြင့်တာကြောင့် Download Speed Experience မှာ MyTel နဲ့Ooredoo တို့ဟာ သိပ်ပြီး ကွာခြားမှု မရှိခဲ့ဘူးလို့OpenSignal က သတ်မှတ်ထားပါတယ်။

         Upload Speed မှာ Ooredoo ဟာ 12.2Mbps နဲ့အမြင့်ဆုံး ဖြစ်ပြီး သူ့နောက်မှာ MPT ၊ Telenor နဲ့MyTel တို့က ရှိနေပါတယ်။ လိုင်းဆွဲအား ကြန့်ကြာမှု အနည်းဆုံးကတော့ Telenor ဖြစ်ပြီး 50.2m ပဲ ရှိခဲ့ပြီး Ooredoo ကတော့ 90.4ms နဲ့အကြာဆုံး ဖြစ်တယ်လို့ဆိုပါတယ်။ ကွန်ရက်ကြန့်ကြာမှုမှာ ပြည်တွင်းအော်ပရေတာတွေဟာ တစ်ခြားနိုင်ငံတွေနဲ့ယှဉ်ရင် ပိုကောင်းအောင် လုပ်ဖို့လိုနေတယ်လို့လည်း OpenSignal က အကြံပြုထားပါတယ်။ OpenSignal ဟာ ဒီအစီရင်ခံစာအတွက် ထုတ်ကုန်ပေါင်း ၄၈၉၂၅ ခု သုံးပြီး တိုင်းတာမှုပေါင်း သန်း ၁၈၀ ကျော် လုပ်ဆောင်ခဲ့တာပါ။



က္က