Marvel က Avengers စူပါဟီးရိုးများအဖွဲ့ကို ဖွဲ့စည်းခဲ့သလို စမတ်ဖုန်းအသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေကို အကောင်းဆုံးဖြည့်ဆည်းပေးမယ့် Portrait Master ဖြစ်တဲ့ F11 Pro ကို OPPO မှ ဖန်တီးခဲ့ပါတယ်။
Phyo Min Thant

ကမ္ဘာကျော်ကုန်အမှတ်တံဆိပ်တွေဖြစ်တဲ့ Lamborghini၊ Pikachu၊ Barca၊ Guerlain စတဲ့အမှတ်တံဆိပ်တွေနဲ့ ပူးပေါင်းပြီး လူငယ်တွေအကြိုက်တွေ့မယ့် Limited Edition စမတ်ဖုန်းတွေ ထုတ်လုပ်ခဲ့တဲ့ OPPO ဟာ ယခု ၂၀၁၉ ခုနှစ်မှာ လည်း Marvel ကုမ္ပဏီနဲ့ပူးပေါင်းပြီး Avengers Edition စမတ်ဖုန်းကို မကြာမီမိတ်ဆက်တော့မှာပဲဖြစ်ပါတယ်။

OPPO နဲ့ Marvel သူတို့၏ သက်ဆိုင်ရာဈေးကွက်မှာထိပ်တန်းနေရာရရှိထားတဲ့ အမှတ်တံဆိပ်တွေဖြစ်ပြီး OPPO ရဲ့ F Series နဲ့ Marvel ရဲ့ Avengers Series တို့ဟာလည်း သက်ဆိုင်ရာနယ်ပယ်တွေမှာ လူကြိုက်အများဆုံးကုန်ပစ္စည်းတွေပါပဲ။ OPPO နှင့် Marvel ရဲ့ ခမ်းနားထည်ဝါတဲ့ ပူးပေါင်းဆောင်ရွက်မှုကို OPPO F11 Pro Avengers Limited Edition စမတ်ဖုန်းအဖြစ် တွေ့မြင်ရတော့မှာပါ။

စူပါဟီးရိုးတစ်ယောက်တည်းနဲ့ ပြဿနာအားလုံး ဖြေရှင်းတာထက် ဟီးရိုးတွေ စုပေါင်းဖြေရှင်းခြင်းက ပြဿနာကို ပိုပြီး မြန်မြန်ဆန်ဆန်ပြေလည်စေမယ်ဆိုတဲ့ မျှော်မှန်းချက်နဲ့  Marvel ဟာAvengers စူပါဟီးရိုးများအဖွဲ့ကို ဖွဲ့စည်းခဲ့သလို စမတ်ဖုန်းအသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေကို အကောင်းဆုံးဖြည့်ဆည်းပေးမယ့် Portrait Master ဖြစ်တဲ့ F11 Pro ကို OPPO မှ ဖန်တီးခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းရှိ လူငယ်လူရွယ်တွေအတွက် စမတ်ဖုန်းဒီဇိုင်းဆန်းများ အစဉ်ထုတ်ပေးလျက်ရှိတဲ့ OPPO ဟာ ယခုအကြိမ်မှာ Marvel ပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ် အမှတ်တရအဖြစ် Avengers စူပါဟီးရိုးဇာတ်ကောင်တွေရဲ့ ပေါ်လွင်ထင်ရှားတဲ့ လက္ခဏာများပါရှိသည့် F11 Pro ဖုန်းကို မိတ်ဆက်မှာပါ။

OPPO F11 Pro Avengers Limited Edition ဖုန်းမှာ Avengers အဖွဲ့ခေါင်းဆောင် Captain America ကဲ့သို့ လှပခံ့ညားတဲ့စမတ်ဖုန်းကိုယ်ထည်ဒီဇိုင်း၊ Iron Man ရဲ့ ပျံသန်းနိုင်သော ချပ်ဝတ်တန်ဆာကဲ့သို့ နည်းပညာ အဆင့်အတန်းမြင့်မားတဲ့ Rising Camera၊ Thor ရဲ့ မိုးကြိုးလျှပ်စီးအစွမ်းကဲ့သို့ အလွန်မြန်ဆန်တဲ့ VOOC 3.0 အားသွင်းစနစ်၊ Hulk လို ခံနိုင်ရည်အားကောင်းသော တည်ဆောက်မှုရှိတဲ့ 6GB RAM + 128GB ROM သိုလှောင်မှုပမာဏ၊ Black Widow ကဲ့သို့ ပေါ့ပါးသွက်လက်မြန်ဆန်သော Hyper Boost စနစ်နဲ့ ညအချိန်မှာပင် မှန်ကန်တိကျစွာ မြားပစ်နိုင်တဲ့ Hawkeye ကဲ့သို့ အလင်းမှိန်မှိန်တွင် ပုံရိပ်များကို ထင်ရှားစွာရိုက်ကူးနိုင်မယ့် 48MP ပါ ကျောဘက်ကင်မရာနှစ်လုံးတို့ ပါရှိပါတယ်။

F11 Pro Avengers Limited Edition စမတ်ဖုန်းအရောင်ကို Avengers: Endgame ရုပ်ရှင်ဇာတ်ကားမှ စေ့ဆော်ဖန်တီးထားခြင်းဖြစ်ပြီး Space Blue အရောင်လု့ိ အမည်ပေးထားပါတယ်။ ဖုန်းကိုယ်ထည်နောက်ခံကို အပြာရောင်ဆဋ္ဌဂံအကွက်လေးများဖြင့် အလှဆင်ထားပြီး OPPO အမှတ်တံဆိပ်ရောင်ပြေး effect များကို ထည့်သွင်းပုံဖော်ထားတာတွေ့ရပါတယ်။ အနီရောင်ရင့်ရင့်ရှိတဲ့ Avengers logo ဟာအပြာရောင်နောက်ခံနဲ့အတူ ဆွဲဆောင်မှုရှိတဲ့ အနီနဲ့အပြာ ဆန့်ကျင်ဘက်အရောင်ပေါင်းစပ်မှုကို ဖန်တီးပေးရုံသာမက ဖုန်းဘေးဘက်ရှိ အနီရောင်ခလုတ်ကိုလည်း သိသာထင်ရှားစေပါတယ်။ စမတ်ဖုန်းကျောဘက်ရှိ ကြီးမားသောတစ်ပိုင်းတစ်စ logo နဲ့ ကင်မရာတွေအပေါ်ဘက်ရှိ ပြည့်စုံတဲ့ logo များဖြင့် Limited Edition စမတ်ဖုန်းကို အနုပညာမြောက်အောင် ဖန်တီးထားတာကိုခံစားရမှာပါ။ ရင်သပ်ရှုမောဖွယ် Panoramic Screen နဲ့တွေ့မြင်ရမယ့် Limited Edition ဖုန်းမှာ အမြင်အာရုံကို ညှို့ယူဖမ်းစားနိုင်တဲ့ Avengers Logo Wallpaper လည်းပါရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် OPPO Myanmar ဟာ F Series ရဲ့ နောက်ထပ်မျိုးဆက်သစ်ဖြစ်တဲ့ OPPO F11 စမတ်ဖုန်းကို F11 Pro Avengers Limited Edition ဖုန်းနဲ့အတူ ပြည်တွင်းဈေးကွက်မှာ မိတ်ဆက်သွားဦးမှာပါ။ OPPO F11 စမတ်ဖုန်းဟာ ရေစက်ပုံစံမျက်နှာပြင်၊ ၆.၅ လက်မရှိတဲ့ မျက်နှာပြင်အရွယ်အစား၊ ၉၀.၇၀% ရှိသော မျက်နှာပြင်အချိုး၊ ညအချိန်မှာပင် ပိုမိုကြည်လင်ပြတ်သားသော ဓာတ်ပုံရုပ်ထွက်များရရှိစေမယ့် 48MP+5MP ကျောဘက်ကင်မရာနှစ်လုံး၊ ပိုမိုလှပသော Selfie ပုံများကို ရရှိစေမယ့် 16MP AI Beauty ရှေ့ဘက်ကင်မရာ၊ ပုံမှန်အားသွင်းစနစ်များထက် တစ်နာရီပိုမြန်သော VOOC 3.0 အမြန်အားသွင်းစနစ်၊ တစ်နေကုန်အသုံးပြုနိုင်သော တာရှည်ခံတဲ့ 4,020mAh ဘက်ထရီပမာဏ၊ ဖုန်းစွမ်းဆောင်ရည်ကို ပိုမိုမြန်ဆန်စေပြီး တုံ့ပြန်အား ပိုကောင်းစေသော Hyper Boost စနစ်၊ 4GB RAM+ 128GB ROM သိုလှောင်မှုပမာဏနှင့် Android 9.0 ကို အခြေခံထားသော ColorOS 6 ဖြင့် ထွက်ရှိမှာဖြစ်ပါတယ်။ F11 ဖုန်းကို ဆန်းသစ်လှပတဲ့ Fluorite Purple အရောင်နဲ့ Marble Green အရောင်ဆိုတဲ့ 3D အရောင်ပြေးကာလာနှစ်မျိုးဖြင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။

စူပါဟီးရိုးစွမ်းအားများကို စုပေါင်းထားသည့်အလား ဖန်တီးထားပြီး OPPO F11 Pro ရဲ့ အဓိကဖုန်းအစိတ်အပိုင်းအားလုံး အပြည့်အစုံပါရှိသော F11 Pro Avengers Limited Edition စမတ်ဖုန်းနဲ့ F Series ရဲ့မျိုးဆက်သစ် F11 စမတ်ဖုန်းကို Marvel ပရိသတ်များ အထူးမျှော်လင့်စောင့်စားနေတဲ့  Avengers: Endgame ရုပ်ရှင်ဇာတ်ကား ပွဲဦးထွက်ရုံတင်ပြသမယ့် ဧပြီလ (၂၆) ရက်နေ့မှာ ရန်ကုန်မြို့ စံရိပ်ငြိမ်ဂမုန်းပွင့်ရှိ မင်္ဂလာရုပ်ရှင်ရုံ၌ မိတ်ဆက်သွားမှာပဲဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က