ဖုန်းနှင့် ရိုက်ကူးထားသည့် အိမ်တွင်း ဓာတ်ပုံဆန်းများနှင့်အတူ ပါဝင်ကြရန် လည်း ဖိတ်ခေါ်ထားတာကိုတွေ့ရပါတယ်။
Phyo Min Thant

လက်ရှိအချိန်မှာ COVID-19 ရောဂါကူးစက်မှုနှုန်းကို လျှော့ချနိုင်ရန် အတက်နိုင်ဆုံး အိမ်မှာ နေထိုင်နေကြတဲ့ အချိန်မှာ မိမိတို့  ဝါသနာပါရာလေးတွေလုပ်ကိုင်ရင်း ပျော်စရာအချိန်တွေဖန်တီးနေကြရတာ အားလုံးအသိပါပဲ။

အဲဒီလို ပျော်စရာအချိန်တွေဖန်တီးကြရာမှာ စမတ်ဖုန်းတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။

 ဖုန်းနဲ့ ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ အင်တာနက် အသုံးပြုခြင်းတို့အပြင် ထူးခြားကောင်းမွန်လာတဲ့ စမတ်ဖုန်းများရဲ့ စွမ်းဆောင်ချက်များကြောင့် ကိုယ့်ရဲ့ အိမ်မှာတင် Professional Camera နှင့် စနစ်တကျ ရိုက်ကူးထားသလို ဆန်းသစ်လှပတဲ့ ဓာတ်ပုံများကို ဖန်တီးနိုင်လာကြပါပြီ။

ဒါကို  OPPO 24Hours City Challenge: Afternoon Session အတွက် "My Perfect Shot At Home" ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံကျော် ဓာတ်ပုံဆရာ Mr.Haw က စျေးကွက်အတွင်း ကောင်းမွန်သော ကင်မရာစွမ်းဆောင်ရည်များနှင့် အမည်ကောင်းရထားသော OPPO Reno3 Pro ကို အသုံးပြု ဖန်တီးရိုက်ကူးထားသော လှပဆန်းသစ်တဲ့ ဓာတ်ပုံလက်ရာများက သက်သေပြလျက်ရှိပါတယ်။

ဒီ OPPO 24Hours City Challenge: Afternoon Session အတွက် မြန်မာနိုင်ငံမှ ဓာတ်ပုံဝါသနာရှင်များကိုလည်း ဖုန်းနှင့် ရိုက်ကူးထားသည့် အိမ်တွင်း ဓာတ်ပုံဆန်းများနှင့်အတူ ပါဝင်ကြရန် လည်း ဖိတ်ခေါ်ထားတာကိုတွေ့ရပါတယ်။

ဒီ Challenge အတွက် အသုံးပြုထားတဲ့  OPPO Reno3 Pro မှာ  64MP Zoom Quad Camera ပါဝင်ပြီး   Ultra-Resolution Algorithm ကိုလည်း ထည့်သွင်းပေးထားတာ ကြောင့် Ultra Clear 108MP Image ကို ရရှိစေကာ ရိုက်ကူးလိုက်သော ပုံတိုင်းကို အနုစိတ် ပေါ်လွင်စေတဲ့အပြင် အဆင့်မြင့် မြင့်ကြည်လင်တဲ့ ဓာတ်ပုံမျိုးကို ရရှိစေမှာဖြစ်ပါတယ်။

အဝေးမှ အရာဝတ္ထုကို အနီးကပ် ပေါ်လွင်စေသော 13MP Telephoto Lens၊  အဖွဲ့လိုက် ပုံများ၊ ရှုခင်း မြင်ကွင်းကျယ်ပုံများကို ရိုက်ကူးနိုင်သော 8MP Ultra Wide-angle Lens တို့ကို အသုံးပြုကာ အိမ်မှ လှမ်းမြင်နေရသော ဆည်းဆာအလှ၊ ရွာခါနီး မိုးညိုညို တို့အပြင် ထို အဝေးမှ ရှုခင်းတို့ကို နောက်ခံထားကာ ထင်ပေါ်နေမည့်  Portrait ဓာတ်ပုံတို့ကိုလည်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘယ်အခါမှ မရိုးသွားမယ့် အဖြူ၊ အမည်း ဓာတ်ပုံများကို ပိုမို စွဲမက်ဖွယ် ပြောင်းလဲ ပေးမယ့် MP Black-and-White Lens နှင့်လည်း ဓာတ်ပုံဆန်းလေးများ ဖန်တီးနိုင်ဦးမှာပါ။

ကိုယ်ချစ်တဲ့ အိမ်မွေးတိရစ္ဆာန်လေးများ၊ ပန်းလေးများ၊ တန်ဖိုးထားရသော အရာဝတ္ထုလေးများကို   3cm Macro Lens ကို အသုံးပြုပြီး အနုစိတ် ရိုက်ကူးကာ အမြင်ဆန်းသော အမှတ်တရများအဖြစ် ပြောင်းလဲလို့လည်း ရပါတယ်။

 5x hybrid zoom,20x digital zoom တို့လည်း ပါရှိတာကြောင့် ပုံရိပ် ဝါးသွားမှာကို မစိုးရိမ်ရဘဲ အနီးအဝေးကို  စိတ်ကြိုက် အသုံးပြုကာ လှပသော ပုံရိပ်များ ကွန့်မြူးဖန်တီးနိုင်မှာပါ။

ဒါ့အပြင် Dazzle Color Mode နှင့် Ultra Dark Mode ပါဝင်သဖြင့် 1lux အလင်းသာ ရှိသော အခြေအနေ၌ပင် ဓာတ်ပုံ ကောင်းများ ရရှိစေသောကြောင့် အမှောင်ချကာ မီးလုံးတွဲလေးများ၊ အရိပ်များတို့နှင့် အသုံးပြုဖန်တီးရင်း ရရှိလာမည့် အိမ်မက်ဆန်သော ဓာတ်ပုံများကလည်း မြင်သူ အားလုံး၏ အားကျအာရုံစိတ်မှုကို ရရှိစေမှာဖြစ်ပါတယ်။

ထို့အပြင် Selfie ကင်မရာတွင် စွမ်းဆောင်မှုမှာ နာမည်ကောင်းရထားသည့်  OPPO ၏ အစဉ်အလာအတိုင်း OPPO Reno3 Pro တွင်လည်း အရည်အသွေးမြင့်မားသည့်  ကမ္ဘာ့ ပထမဦးဆုံး 44MP+2MP Dual Punch-hole Camera ပါရှိလာပြီး Face Protection Algorithm  ကို အသုံးပြု ထားတာကြောင့် ရရှိလာမယ့် သဘာဝကျကျ လှပနေတဲ့ ဓာတ်ပုံတွေက အားလုံး စိတ်တိုင်းကျကြမှာ အသေအချာပါပဲ။

Ultra Night SelfieCamera လည်း ပါဝင်သောကြောင့် အလင်းအမှောင်ကို စိတ်ကြိုက် ထိန်းညှိရင်း အမြဲဆန်းသစ်လှပသော မိမိ၏ ပုံရိပ်တို့ကို ဖန်တီးနိုင်မှာ ဖြစ်ကာ Dual Lens Bokeh လည်း ပါရှိတာကြောင့် တစ်ဦးတည်းသာမက ပို့စ် မျိုးစုံနှင့် အဖွဲ့လိုက် ရိုက်သော Selfie များတွင်ပါ Background Gradient နှင့် မည်သည့် နောက်ခံတွင် မဆို ရုပ်ရှင်ဆန်ဆန် ပုံရိပ်များ ရရှိနိုင်မှာဖြစ်ပါတယ်။

COVID-19 ရောဂါဘေးရန်မှ ကာကွယ်ရင်း အိမ်တွင် ပျော်ရွှင်သော အချိန်များ ပိုင်ဆိုင်ကာ ဆုများ ရရှိစေနိုင်ရန် OPPO မှ  Morning၊ Afternoon၊ Night Session ဟူ၍ ကဏ္ဍ (၃) ခုဖြင့် 24 Hours City Challenge ကို ကျင်းပ ပေးလျက် ရှိရာ ယခု Afternoon Session Challenge တွင်  "My Perfect Shot At Home" ဟူသော ခေါင်းစဉ်ဖြင့် မေလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

အဆိုပါ Challenge မှာ နိုင်ငံကျော်ဓာတ်ပုံဆရာ Mr.Haw မှ  မတ်လတွင် ထွက်ရှိထားသော မြန်မာ‌ကျပ်ငွေ 629,900 ကျပ် တန်ဖိုးရှိ OPPO Reno3 Pro ၏ စွမ်းဆောင်ရည်မြင့် Camera Functions များနှင့် Ultra Night Mode၊  Portrait Mode တို့ကို အသုံးပြု၍ အိမ်တွင်ပင် မည်သည့်အလင်းရောင် အခြေအနေ၌မဆို အမြင်ဆန်းသစ် လှပသည့် ဓာတ်ပုံ များကို ဖန်တီးပြထားပါတယ်။ 

 OPPO ရဲ့  Afternoon Session Challenge ကို စိတ်ပါဝင်စားသော ပရိသတ်များ အနေနှင့် မိမိနှစ်သက်ရာ ဖုန်းနှင့် အိမ်တွင်း၌ ဖန်တီးရိုက်ကူးထားသော Challenge ဓာတ်ပုံများကို #24HoursCity_AfternoonSession #Reno3ProChallenge #ShotAtHome hashtag တို့နှင့် အတူ ရေးသား ပြီး ပါဝင်ဆင်နွှဲနိုင်ပါတယ်။

 Mr.Haw မှ Challenge တွင် ပါဝင်လာသော ပရိသတ်များ အနက် (၅) ဦးကို မေလ ၂၆ ရက်နေ့တွင် ရွေးချယ်ပေးသွားမည်ဖြစ်ကာ ဆုလက်ဆောင်အဖြစ် OPPO မှ ၂၀,၀၀၀ ကျပ်တန် ဖုန်းဘေလ်များ ချီးမြှင့်သွားမည့်အပြင်  Mr.Haw ၏ တစ်ရက်တာ Private Online Workshop ကို တက်ရောက် နိုင်မှာ  ဖြစ်တာကြောင့် ဓာတ်ပုံ ဝါသနာရှင်များအတွက် လက်မလွှတ်သင့်သော အခွင့်အရေးပဲဖြစ်ပါတယ်။

 Challenge အစီအစဉ်နှင့် ပတ်သက်သော အချက်အလက်များနှင့် ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်ပုံ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက 24 Hours City Challenge : Afternoon Session Camapaign Link (https://business.facebook.com/287391841418711/posts/1620210594803489/)   နှင့် OPPO ရဲ့ Official Facebook Page (https://www.facebook.com/oppomyanmar/)တို့မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။ 

(ဒီဆောင်းပါး OPPO မှပံ့ပိုးကူညီထားပါတယ်)



က္က