ကျပ် ၂ သောင်း ပြန်အမ်းငွေ ရမယ့်အခွင့်အရေးလည်းရှိနေပါတယ်။
Phyo Min Thant

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ OPPO မှ ထူးခြားကောင်းမွန်သော စမတ်ဖုန်းများသာမက အဆင့်မြင့် နည်းပညာနှင့် ဖုန်းနှင့် အခြား ဆက်စပ်ပစ္စည်းများလည်း ထုတ်လုပ်လျှက်ရှိရာ ယခုအခါ စွမ်းဆောင်ရည်မြင့်မားသော ကြိုးမဲ့ Enco Headphones များကို မြန်မာနိုင်ငံ စျေးကွက်မှာ မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။

 Enco Headphones တွေဟာ မည်သည့်စမတ်ဖုန်းများနှင့် မဆို အဆင်ပြေချောမွေ့စွာ သုံးစွဲနိုင်မှာဖြစ်ပြီး ကြည်လင်ကောင်းမွန်သည့် Audio Experience ကိုလည်းပေးစွမ်းမှာပါ။ Ultra-dynamic Speakers ပါဝင်တဲ့ ပထမဦးဆုံး Wireless Headphones ဖြစ်တဲ့ OPPO Enco Free ကို မတ်လ ၁၈ ရက်နေ့တုန်းက OPPO ရဲ့ Official Facebook Page ကနေတိုက်ရိုက် ထုတ်လွှင့်သွားတဲ့ Online Launch Event မှ တစ်ဆင့်  မြန်မာ‌ကျပ်ငွေ 139,900 ကျပ် ဖြင့် မြန်မာနိုင်ငံ စျေးကွက်ကို စတင်မိတ်ဆက်ခဲ့ကာ အဖြူရောင်နှင့် အနက်ရောင် အရောင်(၂) မျိုးနှင့် ဝယ်ယူရရှိနိုင်ပါတယ်။

 OPPO Enco Free ကို မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်မှ ဖုန်းဆိုင်များမှာဝယ်ယူနိုင်သလို shop.com.mm (https://www.shop.com.mm/products/oppo-enco-free-i103704703-s1028350032.html?spm=a2a0e.8553159.0.0.586a6cc8FklEQ5&mp=3) ကနေလည်း ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။

မေလ ၁ ရက်မှ ၃၁ ရက်အတွင်း သတ်မှတ်ထားသော OPPO Reno Series (Reno3 Pro, Reno3, Reno2 & Reno2 F) မှ ထုတ်ကုန်တစ်ခုခုနှင့် OPPO Enco Free ကို တစ်ပါတည်းဝယ်ယူသူများအတွက် ကျပ် 20,000 တိတိကို ပြန်အမ်းငွေအဖြစ် ပေးအပ်သွားမယ့် အစီအစဉ်ပြုလုပ်နေကြောင်းလည်း OPPO ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

တပ်ဆင်မှု ခိုင်မြဲအောင် ထိန်းပေးကာ ရေစိုခံပြီး ဖုန်ဝင်မှုကို ကာကွယ်ပေးတဲ့ လှပတဲ့ အဖြူရောင် ဒီဇိုင်းနဲ့ OPPO Enco W31 wireless headphones ကို မြန်မာကျပ်ငွေ 69,900 ကျပ် ဖြင့် မေလ ၂ ရက်နေ့က စပြီး မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်မှ ဖုန်းဆိုင်များနှင့် shop.com.mm (https://www.shop.com.mm/products/oppo-enco-w31-i103882475-s1028530330.html?spm=a2a0e.8553159.0.0.83fe6cc8wCFuBT&mp=3) တို့မှာ ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။

High-Res wireless audio ပါဝင်ပြီး ကျစ်လစ်လှပသော အနက်ရောင် ဒီဇိုင်းနဲ့ OPPO Enco M31 Neckband Headphones ကိုတော့ မြန်မာကျပ်ငွေ 49,900 ကျပ် ဖြင့် မေလ ၂ ရက်နေ့ကစပြီး မြန်မာနိုင်ငံ အမြို့မြို့ အနယ်နယ်မှ ဖုန်းဆိုင်များနှင့် shop.com.mm (https://www.shop.com.mm/products/oppo-enco-m31-i103880505-s1028530328.html?spm=a2a0e.8553159.0.0.83fe6cc86elZco&mp=3) တို့တွင် ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

မည်သည့်စမတ်ဖုန်းနဲ့မဆို အသင့်တော်ဆုံး OPPO Enco Free

OPPO Enco Free Headphones ဟာ စျေးကွက်ထဲမှာ 13.4 mm ultra-dynamic speakers ပါဝင်တဲ့ ပထမဆုံး ကြိုးမဲ့ နားကြပ်ဖြစ်ပြီး Slide and Tap intuitive Touch Controls, AAC Audio Support တို့ ပါဝင်တာကြောင့် မည်သည့် စမတ်ဖုန်းနဲ့ မဆို ချိတ်ဆက်သုံးစွဲရန် လွယ်ကူတာဖြစ်ပါတယ် ။ Dual Magnetic Circuits နှင့် အဆင့်မြင့် Speaker ကြီးတွေမှာသာ အသုံးပြုသော FPC lever – technology ကိုသုံးထားသောကြောင့် Bass သံကောင်းကောင်း နားဆင်နိုင်သော နားကြပ်လည်း ဖြစ်ပါတယ်။ ဂိမ်းကစားသူများနှင့် video ကြည့်ရှုရတာကို နှစ်ခြိုက်သူတွေအတွက် Bluetooth Transmission မှာအသံနောက်ကျခြင်း မဖြစ်အောင် OPPO Binaural Low-latency Bluetooth Transmission က Audio ကို ထည့်သွင်းပေးထားပြီး ဖုန်း Calls တွေအတွက် AI Noise Cancellation ပါရှိသောကြောင့်  ဆူညံသော ပတ်ဝန်းကျင်မှာတောင် အသံများကို ဖုန်းနဲ့ ၁၀မီတာ အကွာအဝေးထိ ကြည်လင်ပြတ်သားစွာ ကြားနိုင်မှာဖြစ်ပါတယ်။ In-ear and Semi-in-ear Tips ကို စိတ်ကြိုက် လဲလှယ် အသုံးပြုနိုင်ပြီး ၂၅ နာရီကြာ အသုံးပြုနိုင်ပါတယ်။

သံစဉ်တွေနှင့် စိတ်ကြိုက် ပျော်မြူးနိုင်မယ့် OPPO Enco W31

သင့်တင့်သော စျေးနှုန်းနှင့် ကြိုးမဲ့ နားကြပ်ကောင်းကောင်း ရှာနေသူများအတွက် သင့်တော်သော OPPO Enco W31 တွင် Binaural Low-latency Bluetooth Transmission ပါဝင်သောကြောင့် ဘယ် စမတ်ဖုန်းနဲ့မဆို အခက်အခဲ မရှိ အသုံးပြုနိုင်တဲ့အပြင်ရေစိုခံကာ ဖုန်ဝင်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် Wireless Range ၁၀ မီတာ ရှိပြီး နားတွင် ခိုင်မြဲစွာ တပ်ထားနိုင်သော ဒီဇိုင်းနှင့် ထုတ်လုပ်ထား၍ သွားလာလှုပ်ရှား အားကစား လုပ်ချိန် တို့တွင် အခက်အခဲမရှိ အသုံးပြုနိုင်မှာပါ။သီချင်းနားထောင်ရာမှာ Balance Mood နှင့် Bass Mode ဟူ၍ Audio Mode (၂) မျိုးလည်း ပါဝင်ကာ ဖုန်းပြောတဲ့အချိန် ပြင်ပအသံပိုများ မပါစေဖို့ Anti-wind Noise Chambers နဲ့ Environmental Noise Cancellation Algorithm က လုပ်ဆောင်ပေးတဲ့ အပြင် နားကြပ် တစ်ဖက်စီမှာ Internal High Sensitivity Microphones (၂) ခုစီ ပါဝင်တာကြောင့် ကိုယ့်အသံကို တစ်ဖက်က ကြည်ကြည်လင်လင် ကြားရအောင်လည်း စွမ်းဆောင်ပေးနိုင်ပါတယ်။

Bassသံပြင်းပြင်းများနှင့်အတူ သွားလာလှုပ်ရှားနိုင်မယ့် OPPO Enco M31

ကျစ်လစ်လှပသော Neckband ဒီဇိုင်းနှင့် OPPO Enco M31 သည် 9.2mm Full-range Dynamic Drivers, PET Titanium Composite Diaphragms နှင့် Independent Bass Chambers တို့ ပါဝင်သော High-Res Wireless Audio Headphones ဖြစ်ပြီး AI Call Noise Reduction လည်း ပါရှိသောကြောင့် ဖုန်း ပြောဆိုရာမှာ မလိုအပ်သော တခြားအသံတွေ မပါအောင် လုပ်ဆောင်ပေးပါတယ်။ Bluetooth 5.0 ပါဝင်သောကြောင့် ဖုန်းနှင့် ၁၀ မီတာကျော် ‌ဝေးကွာသော နေရာအထိ ကောင်းကောင်း ချိတ်ဆက်သုံးနိုင်မှာ ဖြစ်ပြီး (၁၂) နာရီကြာ အသုံးခံ မှာပါ။

လှပသော အသွင်အပြင်၊ ကောင်းမွန်သော စွမ်းဆောင်ရည်များနှင့် အရည်အသွေးမြင့် OPPO Enco Headphones များနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက OPPO Website Page (https://www.oppo.com/mm/accessory-headphone-oppo-enco-free/) နှင့် OPPO Myanmar ၏ Facebook Page (https://www.facebook.com/287391841418711/posts/1601411090016773/)တို့တွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။

(ဒီဆောင်းပါးကို OPPO Myanmar မှပံ့ပိုးကူညီထားပါတယ်)


ဆက်စပ်အကြောင်းအရာများ


က္က