စက်တင်ဘာလထဲမှာ မြင်ရဖို့ ရှိပါတယ်

OnePlus ဖုန်းသုံးသူတွေ တောင်းဆိုမှု အများဆုံး features တွေထဲက တစ်ခုဖြစ်တဲ့ Always-on Display (AOD) စနစ်ဟာ OxygenOS update မှာ ပါလာတော့မှာပါ။ 

Always-on Display လုပ်ဆောင်ချက်ဟာ AMOLED display သုံး စမတ်ဖုန်းတွေမှာ ပါတဲ့ feature တွေထဲက တစ်ခု ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ OnePlus 3 က စပြီး AMOLED display နဲ့ ထွက်လာပေမယ့် AOD feature ကို သုံးလာခြင်း မရှိပါဘူး။ AOD လုပ်ဆောင်ချက်ဟာ ဘက်ထရီပါဝါကို 350mAh ကနေ 500mAh အထိ သုံးစွဲမှု ရှိနိုင်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။





ဘက်ထရီပါဝါအကျမြန်မှု ပြဿနာကို ရှောင်ရှားဖို့ AOD feature ကို မသုံးခဲ့တဲ့ OnePlus ဟာ OS update သစ်မှာတော့ ထည့်သွင်းလာမယ်လို့ အတည်ပြုထားပါတယ်။OnePlus ရဲ့ CEO ပီတီလောင်ဟာ Android 11 ကို အခြေခံထားတဲ့ OxygenOS11 မှာ ပါမယ့် AOD လုပ်ဆောင်ချက်သစ်ရဲ့ ဒီဇိုင်းအကြောင်း ဗွီဒီယိုတစ်ခုပါ တင်ခဲ့ပါတယ်။ OnePlus ဟာ Parsons School of Design ကျောင်းနဲ့ ပူးပေါင်းပြီး ဖုန်း AOD ဒီဇိုင်းအသွင်ကို ဖန်တီးခဲ့တာပါ။

Time လို့ ဒီဇိုင်းနာမည်ပေးထားတဲ့ ဒီ AOD feature ဟာ တစ်နေ့လုံး ဖုန်းသုံးတဲ့ အချိန်ကို မှတ်ထားမှာ ဖြစ်ပြီး ညနေမှာ ဖုန်းကို ဘယ်လောက်ကြာအောင် သုံးခဲ့တယ်ဆိုတာကိုပါ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ OnePlus ဟာ နှစ်ဆန်းပိုင်းကတည်းကစပြီး OxygenOS မှာ Always-On display feature တစ်ခု သုံးမယ်လို့ ကတိပြုထားတာပါ။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလဆန်းပိုင်းမှာ OnePlus ဟာ OxygenOS 10 stable update ကို ဖြန့်ချိခဲ့တာပါ။ လာမယ့် စက်တင်ဘာလထဲမှာ Pixel ဖုန်းတွေအတွက် Android 11 stable ဖြန့်ချိမှာ ဖြစ်လို့ OnePlus ရဲ့ OxygenOS 11 update သစ်ကို စက်တင်ဘာလထဲမှာပဲ မြင်ရဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က