ဘတ် ၂ သိန်းအထိ ဒဏ်ရိုက်ခံရမှာပါ

ဥပဒေနဲ့ငြိစွန်းတဲ့ပို့စ်များ ဖယ်ရှားဖို့ ပျက်ကွက်ခဲ့တဲ့ လူမှုကွန်ရက်ကုမ္ပဏီကြီးတစ်ချို့ကို ထိုင်းအစိုးရမှ တရားစွဲထားပါတယ်။

ထိုင်းနိုင်ငံ ဒီဂျစ်တယ်စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းဝန်ကြီးဌာနဟာ နည်းပညာရာဇဝတ်မှု နှိမ်နှင်းရေးရဲတပ်ဖွဲ့ကို Facebook ၊ Google နဲ့ Twitter တို့ကို တရားစွဲဖို့ ညွှန်ကြားထားတယ်လို့ Bangkok Post သတင်းက ဖော်ပြထားပါတယ်။ ဒီဂျစ်တယ်စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းဝန်ကြီး ဗောဒိပေါင်ဆီပွန်နာကန်တမှလည်း နည်းပညာရာဇဝတ်မှု နှိမ်နင်းရေးဌာနကို တိုင်ကြားထားကြောင်း ပြောပါတယ်။



ဒီဂျစ်တယ်စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းဝန်ကြီး -အလယ် (Photo: Bangkok Post)

ဝန်ကြီးရဲ့ အဆိုအရ ဝန်ကြီးဌာနဟာ Facebook ၊ YouTube နဲ့ Twitter အော်ပရေတာများကို ဥပ‌ဒေနဲ့ မညီတဲ့ သတင်းအချက်အလက်တွေကို ၁၅ ရက်အတွင်း ပိတ်ပင်ဖို့ သတိပေးစာ ပေးပို့ခဲ့ပြီး အပြည့်အဝ လိုက်နာခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။ အမိန့်စာနဲ့အတူ ပူးတွဲပါ Facebook ရဲ့ လင့်ခ် ၆၆၁ ခုပေးခဲ့ရာမှာ ဒီထဲက ၂၂၅ ခုပဲ ဖယ်ရှားခဲ့တယ်လို့ ဝန်ကြီးက ဆိုပါတယ်။

ဝန်ကြီးဌာနဘက်မှ Twitter ကို အလားတူလင့်ခ် ၆၉ ခုပေးပို့ခဲ့ပြီး ဒီထဲက ၅ ခုပဲ ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။ YouTube ကို ပေးပို့တဲ့ လင့်ခ်ပေါင်း ၂၈၉ ခုကိုတော့ သတ်မှတ်ထားတဲ့ နောက်ဆုံး Deadline အပြီး ဗုဒ္ဓဟူးနေ့မှာ လုံးဝ ဖြုတ်ချခဲ့တယ်လို့လည်း Bangkok Post မှာ ဖော်ပြထားပါတယ်။ 

ကွန်ပျူတာရာဇဝတ်မှု ဥပဒေအရ လူမှုကွန်ရက်ကုမ္ပဏီတွေဟာ တရားရုံးအမိန့်အတိုင်း ပို့စ်တွေကို ဖြုတ်ချခြင်း မရှိပါက ဘတ် ၂ သိန်း (မြန်မာငွေ ၈၃ သိန်းခန့်) ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပြီး ဖယ်ရှားခြင်း မရှိသေးသရွေ့ နေ့စဉ် ဘတ် ၅၀၀၀ (မြန်မာ‌ငွေ ၂ သိန်းခန့်) ထပ်ဆောင်းပေးနေရမယ်လို့ ပြဌာန်းထားပါတယ်။ 

Photo: bolnews

ထိုင်းအစိုးရဟာ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာလည်း ထိုင်းဘုရင်စနစ်ကို ဝေဖန်တဲ့ အဖွဲ့ဝင် ၁ သန်းခန့်ရှိ Facebook Group တစ်ခုကို ပိတ်ပင်ဖို့ Facebook ကို ညွှန်ကြားခဲ့ပါတယ်။ ထိုင်းအစိုးရဘက်မှ တရားစွဲမယ့်အကြောင်း ခြိမ်းခြောက်ခဲ့ပြီးနောက် Facebook ဟာ Royalist Marketplace အဖွဲ့ကြီးကို နိုင်ငံအတွင်း သုံးမရအောင် ပိတ်ခဲ့ရပါတယ်။ 







Share

Loading Next Article...
က္က