ဧပြီလကနေ စပြီး Unlimited ပေးခဲ့တာပါ

 စက်တင်ဘာလကုန်ပိုင်းက စပြီး Google Meet ရုပ်သံပလက်ဖောင်းအစည်းအဝေးကို အခမဲ့သုံးနေသူတွေဟာ မိနစ် ၆၀ ထက် မပိုတဲ့ အစည်းအဝေးတွေပဲ လုပ်နိုင်တော့မှာပါ။

Google ဟာ ဧပြီလကစပြီး Google Meet ရုပ်သံ Chatting မှာ Unlimited Meetings တွေ ခွင့်ပြုခဲ့တာပါ။ ၆ လကြာ အကန့်အသတ်မရှိ အစည်းအဝေးလုပ်နိုင်အောင် ခွင့်ပြုခဲ့ပြီးနောက် စက်တင်ဘာ ၃၀ ရက်နေ့က စပြီး Google Meet free version သုံးသူတွေဟာ မိနစ် ၆၀ ထက် မကြာတဲ့ အစည်းအဝေးတွေပဲ လုပ်ဖို့ ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။



Photo: Metro

"သက်တမ်းကုန်သွားတဲ့ ပရိုမိုနဲ့ အဆင့်မြင့် features အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ ဘာမှ ဆက်သွယ်မှာ မဟုတ်ပါဘူး။ တကယ်လို့ အပြောင်းအလဲရှိမယ်ဆိုရင်လည်း အသိပေးသွားမှာပါ။ "လို့ Google ရဲ့ ပြောရေးဆိုခွင့်ရှိသူက The Verge ကို ပြောပါတယ်။

အခုလို ကန့်သတ်မှု မလုပ်ခင်က Google အကောင့်တစ်ခုရှိသူတိုင်းဟာ လူပေါင်း ၁၀၀ အထိ ပါဝင်နိုင်တဲ့ Free Meetings တွေ ဖန်တီးနိုင်ပါတယ်။ အစည်းအဝေးအချိန်ကာလကိုလည်း ကန့်သတ်ထားခြင်း မရှိပါဘူး။ စက်တင်ဘာ ၃၀ ရက်ကနေ စပြီး လစဉ်ကြေးပေးသုံးရတဲ့ G Suite နဲ့ G Suite for Education features တွေလည်း ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။

Photo: Gigazine

ယခုလကုန်က စပြီး အခမဲ့သုံးစွဲသူများအတွက် လူပေါင်း ၂၅၀ အထိ ပါဝင်နိုင်မယ့် အစည်းအဝေးများ ၊ ဒိုမိန်းတစ်ခုတည်းနဲ့ လူပေါင်း ၁ သိန်းအထိ Live-Stream လွှင့်နိုင်မယ့် features များ၊ Google Drive ထဲ အစည်းအဝေးမှတ်တမ်း သိမ်းဆည်းနိုင်မယ့် လုပ်ဆောင်ချက်များ အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် ဒီ features တွေဟာ တစ်လကို ၂၅ ဒေါ်လာနှုန်း ကျသင့်တာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါစတင် ဖြစ်ပွားချိန်ကစပြီး ရုပ်သံခေါ်ဆိုမှုတွေဟာ မြင့်တက်လာခဲ့ပါတယ်။ Zoom ပလက်ဖောင်းဟာ ပြီးခဲ့တဲ့ ဧပြီတစ်လအတွင်း နေ့စဉ် သုံးစွဲသူ သန်း ၃၀၀ အထိ ရှိခဲ့ပြီး Google Meet ကိုတော့ အဲ့ဒီကာလမှာ ပျမ်းမျှ တစ်နေ့ကို လူသန်း ၁၀၀ သုံးခဲ့ကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က