in-app ဝယ်ယူမှုစနစ်ကတော့ အရင်အတိုင်းပါပဲ
Nyein Min Wai

၂၀၂၁ ထဲမှာ ဖြန့်ချိသွားမယ့် Android သစ်မှာ အန်းဒရိုက်သုံးစွဲသူတွေအတွက် ပိုပြီး အဆင်ပြေစေအောင် အပြောင်းအလဲတစ်ခု လုပ်သွားမယ်လို့ Google က ဆိုပါတယ်။

Android 12 မှာ အန်းဒရိုက်ဖုန်းသုံးစွဲသူတွေအနေနဲ့ Google Play Store မဟုတ်တဲ့ third-part App Store တွေကနေ တစ်ဆင့် apps တွေ ထည့်သွင်းရလွယ်အောင် လုပ်သွားမယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။ Google အနေနဲ့developer ရဲ့ တုန့်ပြန်မှုကို နားထောင်ပြီး အခုလို အပြောင်းအလဲလုပ်လိုက်တာ ဖြစ်တယ်လို့ The Verge သတင်းက ဆိုပါတယ်။

Photo: androidpolice

နောက်ထပ် အသေးစိတ်အချက်အလက်တွေကို နောက်ပိုင်းမှာ ဖြန့်ချိသွားမယ်လို့လည်း ကုမ္ပဏီက ကတိပြုထားပါတယ်။ Android users တွေဟာ Samsung Galaxy Store တို့လို third-party stores တွေကနေ app တွေ install သွင်းနေကြတာပါ။ Android 12 မှာတော့ တစ်ခြား App Stores တွေကိုလည်း သုံးရလွယ်အောင် ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

"Android Safety Measures လုံခြုံရေးစနစ်တွေ မချိုးဖောက်သရွေ့ သူတို့ထုတ်ကုန်တွေပေါ်က တစ်ခြား App Stores တွေကို လည်း ပိုပြီး အသုံးပြုရလွယ်အောင် လုပ်သွားမှာပါ"လို့ Google ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Google အနေနဲ့ Play Stores apps တွေအတွက် in-app ငွေချေမှုပိုင်းမှာတော့ အပြောင်းအလဲလုပ်ဖို့ မရှိပါဘူး။ "developers အားလုံးအနေနဲ့ သူတို့ app ထဲက ဒီဂျစ်တယ်ထုတ်ကုန်ရောင်းချမှုလုပ်တိုင်း Google Play ရဲ့ billing system ကို သုံးရပါမယ်"လို့ Google က ပြောထားပါတယ်။


Photo: phonedog

ဒီဂျစ်တယ်ကုန်စည်ပိုင်းအတွက် ဒီငွေပေးချေစနစ်မသုံးရသေးတဲ့ app တွေဟာ လာမယ့် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့အထိ ထည့်သွင်းပေးဖို့ လိုမယ်လို့လည်း ဆိုပါတယ်။ Google Play Store ရဲ့ in-app ငွေပေးချေမှု ကောက်ခံစနစ်ဟာ မကြာသေးခင်ကပဲ Fortnite game developer ဖြစ်တဲ့ Epic Games နဲ့ ပြဿနာတက်ထားတာ ဖြစ်ပါတယ်။

ကိုယ်ပိုင် billing system သုံးပြီး ငွေကောက်ခံတာကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ Google နဲ့ Apple တို့ဟာ သူတို့ရဲ့ App Store ပေါ်ကနေ Fortnite ကို ဖြုတ်ချခဲ့ပါတယ်။ iOS နဲ့ Android ဗားရှင်း Fortnite ဂိမ်း ဖြုတ်ချခံရပြီးနောက် တရားစွဲဆိုမှုတွေ ရှိနေပါတယ်။ Fortnite ကို လက်ရှိမှာ Epic ရဲ့ ဝက်ဘ်ဆိုက်နဲ့ Third-part Stores တွေပေါ်မှာပဲ သုံးနိုင်တာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က