BT Group ရဲ့ အကြီးဆုံး တယ်လီကွန်းတင်သွင်းသူ ဖြစ်လာမှာပါ

Nokia ဟာ ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံးတယ်လီကွန်းအော်ပရေတာတစ်ခုဖြစ်တဲ့ BT နဲ့ 5G ပစ္စည်းအစိတ်အပိုင်းရောင်းချဖို့ စာချုပ်ချုပ်ဆိုနိုင်ပြီလို့ ကြေညာပါတယ်။

ယူကေနိုင်ငံရဲ့ 5G ကွန်ရက်တည်ဆောက်ရေးမှာ Huawei ကို ပိတ်ပင်ထားခြင်းဟာ Nokia အတွက် အကျိုးရှိစေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ယူကေအစိုးရဟာ နိုင်ငံရဲ့ 5G ကွန်ရက်ဖြန့်ကြက်မှုမှ Huawei ထုတ်ကုန်ပစ္စည်းတွေကို ပိတ်ပင်ဖို့ ကြေညာချက် ထုတ်ပြန်လိုက်ပြီးနောက် Nokia ဟာ BT ရဲ့ 5G ကွန်ရက်အတွင်းမှာ အကြီးဆုံး တယ်လီကွန်းပစ္စည်းတင်သွင်းသူ ဖြစ်လာတာပါ။



Photo: CNBC

CNBC သင်တန်းအရ ဖင်လန်တယ်လီကွန်းကုမ္ပဏီ Nokia ဟာ BT ရဲ့ အကြီးဆုံး ကွန်ရက်အခြေခံအဆောက်အဦမိတ်ဖက် အဖြစ် BT ကွန်ရက်တစ်ခုလုံးရဲ့ ၆၃% ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ BTC ဟာ ဖောက်သည်တွေအတွက် ကွန်ရက်လွှမ်းခြုံမှုပေးဖို့ Nokia ရဲ့ AirScale Single San (S-RAN) ပစ္စည်းအစိတ်အပိုင်းများ သုံးသွားမှာပါ။ ဒီပစ္စည်းအစိတ်အပိုင်းတွေထဲမှာ အခြေစိုက်စခန်းနဲ့ ရေဒီယိုလှိုင်းဖမ်း ထုတ်ကုန်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ 

Nokia အနေနဲ့ BT ရဲ့ 2G နဲ့ 4G ကွန်ရက်တွေမှာ သုံးထားတဲ့ Huawei ပစ္စည်းတွေနေရာမှာ အစားထိုးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ BT ရဲ့ လက်အောက်ခံ အော်ပရေတာဖြစ်တဲ့ EE ရဲ့ ကွန်ရက်ဟာ 3G services အတွက် အရင်ကတည်းက Nokia ကို သုံးထားတာ ဖြစ်ပါတယ်။ စာချုပ်ထဲက ငွေကြေးအကြောင်းကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။ 

Photo: amvia

ယူကေအစိုးရဟာ ဒီဇင်ဘာ ၃၁ ရက်နေ့ကစပြီး ယူကေမိုဘိုင်း provider တွေအနေနဲ့ Huawei ရဲ့ 5G ပစ္စည်းအစိတ်အပိုင်းသစ် ဝယ်ယူမှုကို ပိတ်ပင်သွားမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၇ ခုနှစ်အရောက်မှာတော့ Huawei ရဲ့ 5G ပစ္စည်းအားလုံးကို သူတို့ရဲ့ ကွန်ရက်တွေကနေ ဖယ်ရှားသွားမှာပါ။

ဒီဆုံးဖြတ်ချက်ကြောင့် ၂၀၀၅ ခုနှစ်ကတည်းက စီးပွားရေး မိတ်ဖက်ပြုအလုပ်လုပ်လာခဲ့တဲ့ BT နဲ့ Huawei အကြား ဆက်ဆံရေး အဆုံးသတ်သွားမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က