လောလောဆယ် ခွင့်ပြုချက်မကျသေးဘူးလို့ ဆိုပါတယ်။

ဂျပန်နိုင်ငံမှ Sony Corp နဲ့ memory chip ကုမ္ပဏီ Kioxia တို့ဟာ Huawei ကုမ္ပဏီကို ပစ္စည်းတင်သွင်းခွင့်ရဖို့ အမေရိကန်အစိုးရရဲ့ ခွင့်ပြုချက်တောင်းခံထားတယ်လို့ ဆိုပါတယ်။

Nikkei Asia Review သတင်းရဲ့ အဆိုအရ စနေနေ့အထိ Sony နဲ့ Kioxia တို့ရဲ့ လျှောက်ထားမှုကို ခွင့်ပြုခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။ အမေရိကန်ရဲ့ စီးပွားရေးပိတ်ပင်မှုကြောင့် Huawei အတွက် ပစ္စည်းအစိတ်အပိုင်း တင်ပို့ရောင်းချမယ့် Supplier တွေဟာ အမေရိကန်ကုန်သွယ်ရေးဌာနရဲ့ လိုင်စင်ခံပြီးမှ ပစ္စည်းသွင်းခွင့်ရတာ ဖြစ်ပါတယ်။



Photo: CGTN

Sony ဟာ ကမ္ဘာ့ထိပ်တန်း image sensor ‌ထောက်ပံ့သူဖြစ်ပြီး Sony Image Sensor ရောင်းအား ယန်း ၁ ထရီလီယံ (ဒေါ်လာ ၉.၅ ဘီလျံ) ရဲ့ ငါးပုံတစ်ပုံခန့်ဟာ Huawei ရဲ့ ဝယ်လိုအားဖြစ်နေပါတယ်။ Huawei ဟာ Apple ပြီးရင် ဒုတိယအကြီးဆုံး ဝယ်လက်လည်း ဖြစ်ပါတယ်။ ကမ္ဘာ့နံပါတ်နှစ် Flash Memory chip maker ဖြစ်တဲ့ Kioxia Holdings ကလည်း Huawei supplier တစ်ယောက် ဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ လိုင်စင်မရဘူးဆိုရင် Sony နဲ့ Kioxia တို့ဟာ ဝင်ငွေရလဒ်မှာ ထိခိုက်နိုင်ခြေရှိတယ်လို့ Nikkei က ဆိုပါတယ်။ Huawei ပေါ် အမေရိကန်ရဲ့ ကန့်သတ်မှုကြောင့် memory chip ထောက်ပံ့မှု ပိုလျှံပြီး ဈေးနှုန်းကျဆင်းသွားနိုင်တယ်လို့ Kioxia က သတိပေးထားပါတယ်။ 

လက်ရှိမှာ တောင်ကိုရီးယားမှ Samsung Electronics နဲ့ SK Hynix တို့လည်း Huawei ဆီ ပစ္စည်းရောင်းချဖို့အတွက် အမေရိကန်ကုန်သွယ်ရေးဌာနဆီက လိုင်စင်တောင်းခံထားတယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က