iPhone fan တွေ အကြိုက်နဲ့ တစ်ထပ်တည်းကျမယ့် ဖုန်းတွေဖြစ်မလား

Apple ရဲ့ iPhone 12 စီးရီး ထုတ်ကုန်သစ်တွေကို နောက်တစ်ပတ်အင်္ဂါနေ့မှာ မြင်တွေ့ရတော့မှာပါ။

Hi Speed ဆိုတဲ့ tagline နဲ့အတူ Apple Event ကို အွန်လိုင်းက ကြည့်ဖို့ ဖိတ်စာလည်း တရားဝင် ထွက်လာပြီ ဖြစ်ပါတယ်။ ပုံမှန်အချိန်ဇယားအရ iPhone သစ်တွေကို စက်တင်ဘာလထဲမှာ မိတ်ဆက်နေကျ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာ Apple Event မှာတော့ Apple Watch နဲ့ iPad သစ်တွေပဲ ကြေညာသွားခဲ့တာပါ။



Photo: GSMAren


အောက်တိုဘာ ၁၃ ရက် Apple ထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာ တွေ့ရမယ့် iPhone 12 စီးရီးအကြောင်း သတင်းတွေလည်း တော်တော် ကြားပြီးသား ဖြစ်လို့ တရားဝင်မိတ်ဆက်ချိန်မှာ ဒီသတင်းတွေ မှန်မမှန် စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ ကြားထားတဲ့ အတိုင်းဆို iPhone 12 သစ်တွေဟာ iPad Pro သစ်တွေလို ထောင့်မှန်ကျ ဘောင်တွေနဲ့လာပြီး 5G ကွန်ရက် ချိတ်ဆက်မှုလည်း ပါဖို့ ရှိပါတယ်။

မော်ဒယ်လေးမျိုး ထွက်လာဖို့ ရှိပြီး ၅.၄ လက်မအရွယ်အစားသစ်နဲ့ iPhone 12 mini ၊ ၆.၁ လက်မ iPhone 12 နဲ့ iPhone 12 Pro ၊ iPhone တွေထဲမှာ screen size အကြီးဆုံးအရွယ်အစားဖြစ်တဲ့ ၆.၇ လက်မ iPhone 12 Pro Max တို့ကို ဒီပွဲမှာ ကြေညာသွားဖို့ ရှိပါတယ်။ high-end အန်းဒရိုက်ဖုန်းတွေမှာ သုံးလာတဲ့ 120Hz refresh rate ကိုတော့ ဒီနှစ်ထွက် iPhone တွေမှာ မြင်ရဖို့ မသေချာပါဘူး။

Photo: T3

ကင်မရာအနေနဲ့ Pro မဟုတ်တဲ့ မော်ဒယ်တွေမှာ 12MP ultra wide နဲ့ wide-angle ကင်မရာတွေ သုံးလာဖို့ ရှိပြီး Pro မော်ဒယ်တွေမှာ telephoto lens တစ်ခုပါ သုံးလာနိုင်ပါတယ်။ Pro မော်ဒယ်တွေမှာ LiDAR sensor ပါမယ်ဆိုတဲ့ သတင်းတွေကလည်း စောင့်ကြည့်ရဦးမှာပါ။ သေချာတာကတော့ iPhone သစ်တွေဟာ iPad Air 4 မှာ သုံးခဲ့တဲ့ A14 Bionic chip နဲ့ လာမယ် ဆိုတာပါပဲ။

Hi Speed ဆိုတဲ့အတိုင်း Apple ထုတ်ကုန်သစ်တွေရဲ့ အသားပေး features တစ်ခုက performance ဖြစ်နိုင်ပါတယ်။ အောက်တိုဘာ ၁၃ ရက်ပွဲမှာ Apple ဟာ Ultra Wideband နဲ့ Bluetooth နည်းပညာသုံး AirTags ခြေရာခံထုတ်ကုန်သစ်ကိုလည်း ကြေညာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ 

Share

Loading Next Article...
က္က