5G ဟာ အမေရိကန်အမျိုးသားရေးနဲ့ စီးပွားရေးလုံခြုံမှုအတွက် အရေးကြီးတယ်လို့ ဆိုပါတယ်။

အမေရိကန်ကာကွယ်ရေးဌာနဟာ စစ်အခြေစိုက်စခန်း ၅ ခုမှာ 5G စမ်းသပ်မှုတွေ လုပ်ဖို့အတွက် ရံပုံငွေ ‌ဒေါ်လာသန်း ၆၀၀ သုံးမယ်လို့ ကြေညာပါတယ်။

စစ်ရေးအတွက် 5G နည်းပညာ သုံးစွဲမှုဟာ VR ပုံရိပ်ယောင် လေ့ကျင့်မှု ၊ စက်ရုပ်ပိုင်းနဲ့ ဒရုန်းတို့လို အပိုင်းတွေမှာ ဦးစားပေး စမ်းသပ်မှု လုပ်သွားမယ်လို့ CNET ဆိုပါတယ်။ ကြာသာပတေးနေ့က ကာကွယ်ရေးဌာန DOD ရဲ့ထုတ်ပြန်ချက်မှာ 5G ဟာ အမေရိကန်အမျိုးသားရေးနဲ့ စီးပွားရေးလုံခြုံမှုအတွက် အရေးကြီးတယ်လို့ ပါရှိပါတယ်။



Photo: defenseone

အမေရိကန်ကာကွယ်ရေးဌာနဟာ ဆန်ဒီယာဂို Naval Base ၊ ယူးတာ့ချ် Hill Air Force Base ၊ ဝါရှင်တန် Joint Base Lewis-McChord ၊ ဂျော်ဂျီယာမှ Marine Corps Logistics Base Albany နဲ့ လာ့စ်ဗီးဂတ်စ်မှ Nellis Air Force Base စတဲ့ အခြေစိုက်စခန်း ၅ ခုမှာ စမ်းသပ်မှု လုပ်သွားမှာ ဖြစ်ပါတယ်။

လုပ်ဆောင်သွားမယ့် စမ်းသပ်မှုတွေအနေနဲ့ Naval Base မှာ AT&T နဲ့ ပူးပေါင်းပြီး စမတ်သိုလှောင်ရုံပိုင်းနဲ့ ထောက်ပံ့ပို့ဆောင်ရေးပိုင်းအတွက် အလိုအလျောက်နည်းပညာသုံး ဒရုန်းများ ၊ ဇီဝနည်းပညာနဲ့ စက်ရုပ်များ သုံးစွဲသွားမှာပါ။ Joint Base Lewis-McChord မှာ ကွန်ရက်ချိတ်ဆက်မှုပိုင်းအတွက် AT&T ၊ Samsung တို့နဲ့ ပူးပေါင်းပြီး AR နဲ့ VR နည်းပညာများ သုံးစွဲပြီး ပုံရိပ်ယောင် တိုက်ခိုက်လေ့ကျင့်ရေးတွေ လုပ်သွားမှာ ဖြစ်ပါတယ်။

Photo: Nexttv

Marine Corps Logistics Base Albany ဟာ ယာဉ်များ သိုလှောင်ထိန်းသိမ်းဖို့အတွက် စမတ်သိုလှောင်ရုံနည်းပညာကို စမ်းသပ်သွားမှာပါ။ Nellis Air Force Base အခြေစိုက်စခန်းဟာ 5G ကွန်ရက်ချိတ်ဆက်မှုအတွက် AT&T နဲ့ အလုပ်လုပ်ပြီး လေကြောင်း ၊ အာကာသနဲ့ ဆိုက်ဘာကွန်ရက်ပိုင်းဆိုင်ရာများအတွက် 5G နည်းပညာ ဖွံ့ဖြိုးမှု လုပ်သွားမှာ ဖြစ်ပါတယ်။

ယူးတာ့ချ်မှ Hill Air Force Base ကတော့ Air Force ရေဒါများ 5G cell services နဲ့ လှိုင်းနှုန်းစဉ်မျှဝေဖို့ အန်တနာစနစ်အတွက် Nokia ၊ machine learning အတွက် Ericsson တို့နဲ့ အတူ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က