ကားတွေကို အဝေးထိန်းစောင့်ကြည့်စနစ် သုံးသွားမှာပါ

လာမယ့်ရက်သတ္တပတ်တွေအတွင်း မောင်းသူမဲ့အငှားယာဉ်ဝန်ဆောင်မှုကို အရီဇိုးနားပြည်နယ် ဖီးနစ်မြို့နေ ပြည်သူများ သုံးနိုင်တော့မယ်လို့ ဆိုပါတယ်။

Google ပိုင် မောင်းသူမဲ့တက္ကစီလုပ်ငန်းဖြစ်တဲ့ Waymo ရဲ့ ဝန်ဆောင်မှု တိုးချဲ့လာခြင်းနဲ့အတူ ဖီးနစ်မြို့မှာ မောင်းသူမဲ့အငှားယာဉ်လုပ်ငန်းကို စတင်ဖို့ နီးစပ်လာတာ ဖြစ်ပါတယ်။ ကပ်ဘေးကြောင့် မရပ်ခင်အထိ ယာဉ်မောင်းမပါတဲ့ မောင်းသူမဲ့အငှားယာဉ်စနစ်ကို Waymo ရဲ့ သီးသန့်ဖောက်သည်တစ်ချို့မှာ အစမ်းပေးသုံးခဲ့တာပါ။



Photo: mobileappdaily

Waymo ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းက မောင်းသူမဲ့အငှားယာဉ်ဝန်ဆောင်မှုကို စတင်ဖို့ စီစဉ်ခဲ့တာပါ။ ၂၀၁၈ ဒီဇင်ဘာလထဲမှာ Waymo One ဝန်ဆောင်မှုကို ဖြန့်ချိခဲ့ပေမယ့် ယာဉ်တိုင်းမှာ ဘေးကင်းရေးအတွက် ယာဉ်မောင်းတစ်ဦးထည့်ပေးခဲ့သလို ဒီဝန်ဆောင်မှုကို သုံးခွင့်ရသူကလည်း လူနည်းစုပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

လာမယ့်ရက်သတ္တပတ်အတွင်း Waymo app သုံးစွဲသူ အားလုံးဆီ ဒီဝန်ဆောင်မှုကို ဖြန့်ချိသွားမှာ ဖြစ်ပြီး ကနဦးအနေနဲ့ သီးသန့် Waymo ဖောက်သည်မိတ်ဆွေနဲ့ မိသားစုဝင်တွေပဲ ငှားရမ်းနိုင်မှာပါ။ Waymo ကားတွေကို အဝေးထိန်းစောင့်ကြည့်စနစ် သုံးသွားမှာ ဖြစ်ပြီး အရေးကြီးအခြေအနေမျိုးမှာ ယာဉ်အော်ပရေတာတွေကနေ ကားကို ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။

Ars Technica ရဲ့ သတင်းအရ ကနဦးအနေနဲ့ Waymo ကားတွေဟာ ဖီးနစ်မြို့ ဆင်ခြေဖုံးနေရာတွေ ဖြစ်တဲ့ ချန်ဒလာ ၊ တန်ပီနဲ့ မီဆာတို့အတွင်း စတုရန်းမိုင် ၅၀ ပတ်လည်ပဲ ဝန်ဆောင်မှုပေးသွားမယ်လို့ ဆိုပါတယ်။ ကုမ္ပဏီအနေနဲ့ မောင်းသူမဲ့တက္ကစီ ငှားနိုင်ဖို့ လူဘယ်နှစ်ယောက်ကို ခွင့်ပြုသွားမယ်ဆိုတဲ့ အသေးစိတ်အချက်တွေတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Photo: kogonuso

"ဒီမောင်းသူမဲ့အငှားယာဉ်ဝန်ဆောင်မှုသစ်ဟာ နာမည်ကြီးလာမယ်လို့ မျှော်လင့်ပါတယ်။ ဒီဝန်ဆောင်မှုကို စောင့်နေတဲ့ ကျွန်‌တော်တို့ရဲ့ ခရီးသည်တွေကိုလည်း ကျေးဇူးတင်ပါတယ်။" လို့ Waymo က ဆိုပါတယ်။

လက်ရှိမှာ Waymo မောင်းသူမဲ့ကားအစီးရေ ၆၀၀ ဝန်းကျင်ရှိပြီး ဒီဝန်ဆောင်မှုသစ်မှာ ကားဘယ်နှစ်စီးသုံးသွားမလဲဆိုတာ မသိရသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က