Drone ကို ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးမှာလည်း သုံးနေပါတယ်

တရုတ်နိုင်ငံမှ ရဲတပ်ဖွဲ့ဟာ ဒရုန်းအသုံးပြုပြီး မူးယစ်ဆေးဝါးရောင်းဝယ်နေမှုတစ်ခုကို ဗွီဒီယိုမှတ်တမ်းရိုက်ကူး ဖမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

နိုင်ငံတောင်ပိုင်း Guilin မြို့အာဏာပိုင်အဖွဲ့ဟာ မူးယစ်ဆေးဖောက်ကားတဲ့ သံသယရှိသူတစ်ဦးနောက်ကို နောက်ယောင်ခံလိုက်ဖို့ ကြိုးစားခဲ့တာပါ။ တရုတ်နိုင်ငံပိုင် မီဒီယာကြီးဖြစ်တဲ့ CCTV က မျှဝေတဲ့ ဗွီဒီယိုတစ်ခုမှာတော့ ရဲတပ်ဖွဲ့ဟာ လူအစား ဒရုန်းတစ်ခုသုံးပြီး မူးယစ်ဆေးဝါး ရောင်းနေတာကို ထောက်လှမ်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။



Photo: asiaone

စွန့်ပစ်ထားတဲ့ စက်ရုံဟောင်းတစ်ခုနားမှာ ကားနဲ့စောင့်နေတဲ့ ဝယ်လက်နဲ့ မူးယစ်ကုန်သည်တို့ အရောင်းအဝယ်လုပ်နေတာကို ဒရုန်းဟာ ကောင်းကင်ပေါ်ကနေ ရိုက်ကူးဖမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဗွီဒီယိုကို အနီးနားမှာ ရှိတဲ့ ရဲတပ်ဖွဲ့ဆီ Live-stream အဖြစ် ပေးပို့ခဲ့ပြီးနောက်မှာတော့ အခင်းဖြစ်ရာမှာ ပါဝင်ခဲ့တဲ့ လူလေးဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသတွင်းလူမှုကွန်ရက်ပေါ်မှာတော့ ရဲတပ်ဖွဲ့ရဲ့ ဒီလုပ်ရပ်ကို ထောက်ခံအားပေးခဲ့ပြီး အဆင့်မြင့်နည်းပညာသုံးခြင်းအပေါ် ချီးကျူးကြသူတွေလည်း အများအပြား ရှိကြပါတယ်။ "နည်းပညာက ရာဇဝတ်မှုတိုက်ဖျက်ရေးကို ပိုပြီး အားကောင်းလာစေပါတယ်" လို့ တရုတ်လူမှုကွန်ရက် Weibo သုံးစွဲသူတစ်ဦးက မှတ်ချက်ချပါတယ်။

Photo: BBC

တရုတ်နိုင်ငံဟာ ဒရုန်းကို ရာဇဝတ်မှုတိုက်ဖျက်ရေးအပြင် အများပြည်သူစောင့်ကြည့်ရေးနဲ့ ဘေးကင်းအောင် ညွှန်ကြားရေးတို့မှာလည်း သုံးနေပါတယ်။ တောင်ပိုင်းခရိုင် Fujian မှာ ရဲတပ်ဖွဲ့ဟာ ဒရုန်းသုံးပြီး ယာဉ်စည်းကမ်းချိုးဖောက်မှု ရှိမရှိ စောင့်ကြည့်မှု လုပ်ဆောင်နေပါတယ်။ ယာဉ်ကြောအခြေအနေ စောင့်ကြည့်ဒရုန််းတွေကို ရှန်ဟိုင်းနဲ့ ဝူဟန်အပါအဝင် တစ်ခြားနေရာတွေမှာလည်း အသုံးပြုနေပါတယ်။

တရုတ်အစိုးရဟာ COVID-19 ကပ်ရောဂါဘေးအတွင်းမှာလည်း လူအချင်းချင်း ခပ်ခွာခွာနေဖို့ ၊ အိမ်ထဲမှာပဲ နေထိုင်ဖို့နဲ့ Mask တပ်ဆင်ဖို့အတွက် စောင့်ကြည့်ညွှန်ကြားမှုများကို ဒရုန်းသုံးပြီး လုပ်ဆောင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က