Huawei နဲ့ အကြား ဈေးကွက်ဝေစု ကွာဟချက် မြင့်လာပါတယ်

Counterpoint Research ရဲ့ ဈေးကွက်သုတေသနအရ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း Samsung နဲ့ Huawei အကြား ဈေးကွက်ဝေစုကွာဟမှု ပိုမြင့်လာခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီလက ဈေးကွက်ဝေစု ၂၀% ရှိခဲ့တဲ့ Samsung ဟာ ဩဂုတ်လထဲမှာ နောက်ထပ် ဈေးကွက်ဝေစု ၂% ပိုတိုးလာခဲ့တယ်လို့ Counterpoint Research ရဲ့ လအလိုက် ဈေးကွက်အခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Samsung ရဲ့ အနီးဆုံး ပြိုင်ဘက် Huawei ဟာ ဧပြီလထဲမှာ ဈေးကွက်ဝေစု ၂၁% အထိ အမြင့်ဆုံးရောက်ခဲ့ပေမယ့် ဩဂုတ်လထဲမှာ ၁၆% ကို ကျသွားခဲ့ပါတယ်။




၂၀၂၀ နှစ်ဦးပိုင်းမှာ စမတ်ဖုန်းကုမ္ပဏီတွေဟာ ရောင်းအားကျဆင်းမှုနဲ့ ကြုံခဲ့ပါတယ်။ အိန္ဒိယလို ကမ္ဘာ့အကြီးဆုံးတန်းဝင် စမတ်ဖုန်းဈေးကွက်မှာ Lockdown ပြန်ဖွင့်တဲ့ ဇူလိုင်နဲ့ ဩဂုတ်လအရောက်မှာမှ Samsung ရဲ့ စမတ်ဖုန်းရောင်းအားလည်း တက်လာခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း နှစ်နိုင်ငံ နယ်စပ်အရေးတင်းမာမှုကြောင့် တရုတ်ထုတ်ကုန်တွေအပေါ် အိန္ဒိယမှ ဝယ်ယူသူတွေရဲ့ အားပေးမှု ကျသွားခြင်းက Samsung အတွက် အခွင့်ကောင်းဆိုက်ခဲ့တာပါ။

ဧပြီနဲ့ ဩဂုတ်လတွေအတွင်း Apple ရဲ့ ဈေးကွက်ဝေစုဟာ ၁၂% နဲ့ တည်ငြိမ်နေခဲ့ပါတယ်။ iPhone 12 series သစ်တွေ ထွက်လာပြီ ဖြစ်လို့ နောက်ဆုံး သုံးလပတ်အတွင်းမှာ ဈေကွက်ဝေစု ပိုတက်လာဖို့ ရှိပါတယ်။ Xiaomi ဟာဈေးကွက်ဝေစု ၈% ကနေ ၁၂% တက်လာခဲ့တယ်လို့လည်း Counterpoint Research က ဖော်ပြထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က