နှစ်အကုန်ဆော့ဖ်ဝဲလ် update မှာ သုံးလို့ရအောင် လုပ်သွားဖို့ ရှိပါတယ်

5G ရတဲ့ iPhone 12 ကိုင်ချင်တယ်ဆိုရင်တော့ လောလောဆယ် single SIM နဲ့ပဲ သုံးရမှာပါ။

Apple ဟာ နှစ်ကုန်ပိုင်းလောက်မှာ software update လုပ်ပြီး Dual SIM သုံးတဲ့ iPhone 12 ပိုင်ရှင်တွေကို 5G network သုံးနိုင်အောင် စီစဉ်သွားမယ်လို့ MacRumors ကဆိုပါတယ်။ Reddit ပေါ် ပြန် share ထားတဲ့ Apple ဆီက အတွင်းရေးအချက်အလက်တွေအရ ဒီတစ်ပတ်သောကြာနေ့ ဖြန့်ချိသွားမယ့် iPhone 12 နဲ့ iPhone 12 Pro တို့ကို Dual SIM သုံးတဲ့သူတွေဟာ 5G ရနိုင်မှာ မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။




Photo; GSMArena

eSIM သီးသန့်သုံးတဲ့ iPhone 12 users တွေမှာပဲ 5G က အဆင်ပြေမှာ ဖြစ်ပါတယ်။ "Dual SIM mode မှာ နှစ်လိုင်း သုံးတဲ့အခါမျိုး 5G data မပေးနိုင်ဘဲ 4G LTE ပဲ ပြန်ရောက်သွားမှာပါ။ ဖောက်သည်တွေအနေနဲ့ eSIM သီးသန့်ပဲ သုံးမယ် ၊ 5G ရတဲ့ အော်ပရေတာနဲ့ ဝန်ဆောင်မှု plan လည်း ရှိမယ်ဆိုရင်တော့ 5G Access ရပါလိမ့်မယ်။" လို့ Reddit မှာ တင်ထားပါတယ်။

Verizon ဝန်ထမ်းတွေနဲ့ မျှဝေထားတဲ့ ဒီအတွင်းရေးအချက်အလက်တွေအရတော့ Dual SIM mode နဲ့ 5G သုံးနိုင်စေဖို့ ဒီနှစ်ကုန်ပိုင်းလောက်မှာ software update တစ်ခု ဖြန့်ချိဖို့လည်း Apple က စီစဉ်ထားတယ်လို့ဆိုပါတယ်။ လောလောဆယ်မှာတော့ 5G ကွန်ရက်သုံးနိုင်ဖို့ eSIM သုံးစွဲသူတွေဟာ သူတို့ရဲ့ iPhone 12 ၊ iPhone 12 Pro တွေမှာ physical SIM ကို ဖယ်ထားရမှာ ဖြစ်ပါတယ်။ 

iPhone 12 နဲ့ iPhone 12 Pro တို့ကို ပြီးခဲ့တဲ့ သောကြာနေ့မှာ pre-order လက်ခံထားတာ ဖြစ်ပြီး ဒီတစ်ပတ်သောကြာနေ့မှာ ဖောက်သည်တွေဆီ ပစ္စည်းတွေ ရောက်လာတော့မှာ ဖြစ်ပါတယ်။ iPhone 12 Mini နဲ့ iPhone 12 Pro Max တို့ကတော့ နိုဝင်ဘာ ၆ ရက်နေ့ ပစ္စည်းရောက်မှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က