Weibo ပေါ်မှာ လူပြောများနေတာပါ

Apple ရဲ့ နောက်ဆုံးပေါ် iPhone 12 အပြာရောင်ကာလာဟာ အမှိုက်ပုံးမှာ သုံးတဲ့အရောင်လိုမျိုး ရုပ်ဆိုးတယ်ဆိုပြီး တရုတ်လူမှုကွန်ရက်ပေါ်မှာ ဝေဖန်နေကြပါတယ်။

Weibo လူမှုကွန်ရက်ပေါ် တက်လာတဲ့ ပုံနဲ့ပို့စ်တွေအရ တရုတ်မှ အပြာရောင် iPhone 12 မော်ဒယ် ဝယ်ထားသူတွေဟာ Apple ရဲ့ အွန်လိုင်းကြော်ငြာပိုစတာက ပုံနဲ့ သိသိသာသာကွဲပြားနေတယ်ဆိုပြီး စောဒဂတက်နေကြတယ်လို့ Global Times သတင်းက ဖော်ပြထားပါတယ်။ သူတို့ဝယ်မိတဲ့ ဖုန်းအရောင်ဟာ Apple တရားဝင်ဝက်ဘ်ဆိုက်ပေါ်မှာတွေ့ရတဲ့ မီးခိုးပြာလဲ့ကာလာမျိုးနဲ့ တစ်ခြားစီ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။




Photo: iphonewired

အင်တာနက်သုံးသူတွေကတော့ iPhone 12 ရဲ့ အပြင်မှာတွေ့ရတဲ့ အပြာရောင်ကို လမ်းဘေးအမှိုက်ပုံးအရောင် ၊ မိုးစိုစီးဖိနပ် ၊ အမှိုက်ကျုံးဂေါ်ပြားရောင်တွေနဲ့ နှိုင်းပြီး လှောင်ပြောင်မှုလုပ်နေတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ တရုတ်ရဲ့ အကြီးဆုံးလူမှုကွန်ရက်တစ်ခု ဖြစ်တဲ့ Weibo မှာ iPhone 12 Blue (# iPhone12 Indigo#) ဆိုတဲ့ အကြောင်းအရာဟာ အောက်တိုဘာ ၂၁ ရက်နေ့မှာ ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။

iPhone 12 နဲ့ iPhone 12 Mini တို့ဟာ နက် ၊ အဖြူ ၊ အနီ ၊ စိမ်းဖျော့နဲ့ အပြာရင့် ကာလာ ၅ မျိုးနဲ့ လာပါတယ်။ iPhone 12 Pro နဲ့ iPhone 12 Pro Max တို့ကတော့ ‌ငွေရောင် ၊ ဂရက်ဖိုက်မှိုင်းရောင် ၊ ရွှေရောင်နဲ့ ပစိဖိတ်ပြာ ကာလာတွေနဲ့ ထွက်ထားပါတယ်။ iPhone 12 ရဲ့ အပြာနဲ့ iPhone 12 Pro စီးရိးရဲ့ Pacific Blue ကာလာကလည်း သိသိသာသာကွာခြားပါတယ်။

iPhone သစ် လေးမျိုးမှာ iPhone 12 နဲ့ iPhone 12 Pro တို့ကို အရင် pre-order လက်ခံထားတာ ဖြစ်ပြီး ဒီမော်ဒယ်တွေကို preorder မှာယူမှုဟာ ၂၄ နာရီအတွင်း အလုံးရေ ၂ သန်းအထိ ရှိခဲ့တယ်လို့ TF International Securities မှ ဈေးကွက်သုတေသီ မင်ချိကုအိုက ခန့်မှန်းထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က