တစ်ကမ္ဘာလုံးကို ဖြန့်ချိသွားမှာပါ
Nyein Min Wai

Facebook ရဲ့ မိုဘိုင်းလ်ဗားရှင်းမှာ Dark Mode ကို စတင် စမ်းသပ်နေပြီလို့ ကုမ္ပဏီက တရားဝင်အတည်ပြုလိုက်ပါတယ်။

Facebook mobile app မှာ Dark Mode option ထည့်သွင်းဖို့ လူသိရှင်ကြား စမ်းသပ်မှုလုပ်နေကြောင်းကို Twitter မှာ ဂျိန်းမန်ချွန်းဝမ်က ထုတ်ဖော်ပြောကြားခဲ့တာပါ။ မန်ချွန်းဝမ်ရဲ့ Tweet မှာ Android နဲ့ iOS တို့ပေါ်မှာ Facebook app ကို Dark Mode နဲ့ စမ်းသပ်နေပြီ ဖြစ်ကြောင်း ဗွီဒီယိုလေးနဲ့ ပြထားတာ ဖြစ်ပါတယ်။

Photo: Aroged


Dark Mode ခလုတ်ဟာ Menu Tab အောက်မှာ ရှိတဲ့ Settings & Privacy ကဏ္ဍထဲမှာ ပါလာမှာပါ။ Dark Mode option ရတဲ့သူတွေဟာ Dark mode သုံးချင်တယ်ဆိုရင် ဒီခလုတ်လေးကို on ပေးရမှာ ဖြစ်ပါတယ်။ Android 10 မှာ ပါတဲ့ system-wide Dark Mode နဲ့လည်း တွဲသုံးနိုင်မှာပါ။

ဒီလုပ်ဆောင်ချက်ကို Facebook သုံးစွဲသူလူအနည်းစုမှာ ကနဦးစမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ XDA Developers အရ Dark Mode ဗားရှင်းကို ကမ္ဘာအနှံ့က သုံးစွဲသူတွေဆီ စတင်ဖြန့်ချိနေပြီလို့ ဆိုပါတယ်။ 

“ သုံးစွဲသူတွေဟာ Dark Mode ပေးဖို့ တောင်းဆိုနေတာ သိပါတယ်။ သူတို့အနေနဲ့ ထပ်ပြီး သိပ်စောင့်ဆိုင်းရတော့မှာ မဟုတ်ပါဘူး။ မကြာခင် ကမ္ဘာအရပ်ရပ်မှာ ဖြန့်ချိသွားမှာ ဖြစ်လို့ Facebook App settings ထဲမှာ ဒီ options ကို စပြီး တွေ့ရတော့မှာ ဖြစ်ပါတယ်။” လို့ Facebook ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Facebook ဟာ ကုမ္ပဏီပိုင် လူမှုကွန်ရက် app တွေ ဖြစ်တဲ့ Instagram ၊ Messenger နဲ့ WhatsApp တို့မှာလည်း Dark Mode လုပ်ဆောင်ချက် ထည့်သွင်းထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က