Apple Silicon chip သုံး Macs ကွန်ပျူတာကို ကြေညာသွားဖို့ ရှိပါတယ်

Apple ဟာ ဒီလထဲမှာ နောက်ထပ်ထုတ်ကုန်သစ် မိတ်ဆက်ပွဲတစ်ခု ကျင်းပသွားဖို့ ရှိပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလထဲမှာ ပွဲကြီးနှစ်ပွဲကျင်းပသွားခဲ့တဲ့ Apple ဟာ နိုဝင်ဘာ ၁၀ ရက်နေ့မှာ "One More Thing" ခေါင်းစဉ်နဲ့ ပွဲတစ်ခု ကျင်းပသွားမယ်လို့ The Verge သတင်းက ဆိုပါတယ်။ "One More Thing" ဆိုတဲ့ စကားဟာ ထုတ်ကုန်သစ်ကြေညာမှုတွေမှာ ကွယ်လွန်သူ Apple အမှုဆောင်အရာရှိချုပ် စတိဗ်ဂျော့စ်သုံးတဲ့ နာမည်ကျော်စကားတစ်ခွန်းလည်း ဖြစ်ပါတယ်။



Photo: GSMArena


နောက်ဆုံးအကြိမ် One More Thing ဆိုတဲ့ စကားကို Apple သုံးသွားတာဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ Apple ရဲ့ အသစ်ထွက် iPhone တွေရဲ့ ရှေ့ဆောင်ဖြစ်လာမယ့် iPhone X ကြေညာတဲ့ ပွဲမှာ ဖြစ်ပါတယ်။ Apple အနေနဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ပွဲမှာ ဘယ်လို စိတ်ဝင်စားစရာ ထုတ်ကုန်တွေ ကြေညာသွားမလဲဆိုတာတော့ ပြောမထားပါဘူး။ 

ဒီပွဲမှာ Appleရဲ့ ပထမဆုံး ARM အခြေခံMacs ထုတ်ကုန်ကို ကြေညာသွားဖို့ ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ ၂၀၀၅ ခုနှစ်ကတည်းက သုံးလာခဲ့တဲ့ Intel processor အစား Apple Silicon chips ကို Macs ကွန်ပျူတာသစ်မှာ မြင်ရဖို့ ရှိပါတယ်။ နှစ်ဆန်းပိုင်းက Apple ဟာ Intel အစား ကိုယ်ပိုင် in-house ဒီဇိုင်းထုတ်ထားတဲ့ chips တွေ သုံးမယ်လို့ ကြေညာခဲ့တာပါ။ 

Photo: 9to5mac


ဇွန်လထဲမှာ ကျင်းပခဲ့တဲ့ WWDC ပွဲမှာ Apple ဟာ Intel processor တွေအစား Apple ရဲ့ ကိုယ်ပိုင် Silicon CPUs များ ပြောင်းလဲ အသုံးပြုသွားမယ့် အစီအစဉ်ကို ချပြခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာပဲ ARM-based chips သုံးထားတဲ့ ပထမဆုံးကွန်ပျူတာတွေကို ဒီနှစ်အကုန်ပိုင်းမှာ မြင်ရဖို့ ရှိတယ်လို့လည်း ကတိပြုသွားတာပါ။

ARM အခြေခံ ကိုယ်ပိုင်ချပ်စ်နည်းပညာဟာ Intel processor တွေထက် ပါဝါသုံးစွဲမှု ပိုနည်းပြီး စွမ်းဆောင်ရည်လည်း ပိုကောင်းတယ်လို့ ဆိုပါတယ်။ ဒီ Macs ထုတ်ကုန်သစ်တွေနဲ့အတူ နိုဝင်ဘာ ၁၀ ရက်နေ့ ပွဲမှာ macOS 11 Big Sur သစ်လည်း ဖြန့်ချိသွားဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က