ဂိမ်းပုံစံသစ်တွေလည်း တိုးချဲ့သွားမှာပါ
Nyein Min Wai

Tencent ရဲ့ နာမည်ကျော်ဗွီဒီယိုဂိမ်းတစ်ခု ဖြစ်တဲ့ Honor of Kings ဟာ ကမ္ဘာတစ်လွှားမှာ နေ့စဉ်ကစားသူ သန်း ၁၀၀ အထိ ရှိလာပြီလို့ ဆိုပါတယ်။

၂၀၁၅ နိုဝင်ဘာလထဲမှာ စတင်ဖြန့်ချိခဲ့တဲ့ Honor of Kings ဟာ ၅ နှစ်မပြည့်ခင်မှာ နေ့စဉ်ကစားသူ သန်း ၁၀၀ ရှိလာတာ ဖြစ်ပြီး အကျိုးအမြတ်အများဆုံးဂိမ်းတွေထဲမှာ ပါဝင်နေပါတယ်။ Multiplayer Online Battle Arena ဗွီဒီယိုဂိမ်းအမျိုးအစား ဖြစ်ပြီး တရုတ်နဲ့ အရှေ့တောင်အာရှဒေသတွေမှာ အောင်မြင်မှုရနေတဲ့ ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။



Photo: socialnews


Honor of Kings ဂိမ်းလူကြိုက်များမှုနဲ့အတူ Tencent ဟာ ဂိမ်းအမျိုးအစားပုံစံသစ်တွေ နဲ့ titles တွေ ထပ်တိုးဖို့ စီစဉ်ထားပါတယ်။ လက်ရှိမှာလည်း ဗြိတိန်တန်ဖိုးကြီး ဇိမ်ခံကုမ္ပဏီ Burberry နဲ့လည်း ပါတနာအနေနဲ့ မိတ်ဖက်ပြုပူးပေါင်းထားတယ်လို့ Gizmochina သတင်းက ဆိုပါတယ်။ 

Tencent ဟာ မိုဘိုင်းဗားရှင်းအဖြစ် ထွက်လာတဲ့ ကမ္ဘာ့လူကြိုက်အများဆုံး Desktop ဂိမ်း League of Legends နဲ့လည်း ပြိုင်ဆိုင်မှုတွေ ရှိနေပါတယ်။ League of Legends: Wild Rift ကို Tencent Games ရဲ့ အောက်မှာ ရှိတဲ့ အမေရိကန်ဂိမ်းစတူဒီယို Riot Games က ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ 

LOL မိုဘိုင်းဗားရှင်းသစ်ကို အာရှဒေသတွင်းမှာ စတင်စမ်းသပ်နေပြီ ဖြစ်ပါတယ်။

Photo: Reuters

"Honor of Kings ကမ္ဘာနဲ့ ကစားသူတွေအကြား အပြန်အလှန်ဆက်သွယ်မှုပုံစံကို တိုးချဲ့ဖို့ လုပ်ဆောင်နေပါတယ်။ ဂိမ်းတွင်း ဂိမ်းပြင်နှစ်မျိုးစလုံး ပါဝင်မှုကို မောင်းနှင်မယ့် ဘက်ပေါင်းစုံ Brand အတွေ့အကြုံတစ်ခုလည်း ဖန်တီးပေးမှာပါ။ ဒီထဲမှာ Anime တွေ ၊ ရုပ်ရှင်တွေ ၊ ဂီတနဲ့ Live Action စီးရီးတွေပါဝင်လာနိုင်ပါတယ်။" လို့ Tencent ရဲ့ Timi Studios ဂိမ်းဒါရိုက်တာနဲ့ အထွေထွေမန်နေဂျာဖြစ်သူ လီမင်းက Reuters နဲ့ အင်တာဗျူးမှာ ပြောပါတယ်။

Tencent ရဲ့ အဆိုအရ ကုမ္ပဏီအနေနဲ့ Honor of Kings ကို MOBA ကနေ နောက်ထပ် ဂိမ်းပုံစံသစ်နှစ်မျိုးလည်း ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။ Timi Studios ကတော့ Honor of Kings ဂိမ်းမှာ ဘရုဇ်လီပုံစံ တရားဝင်လိုင်စင်တစ်ခုလည်း ထည့်သွင်းထားတယ်လို့ ပြောထားပါယ်။ 


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က