Huawei ကတော့ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်

၂၀၂၀ တတိယသုံးလပတ်အတွင်း တရုတ်နိုင်ငံမှာ နှစ်အလိုက် ဈေးကွက်ဖွံ့ဖြိုးမှုရှိတဲ့ တစ်ခုတည်းသောကုမ္ပဏီအဖြစ် Xiaomi က ရပ်တည်နိုင်ခဲ့ပါတယ်။


ပြီးခဲ့တဲ့တစ်ပတ်ထဲမှာ Counterpoint Research ဟာ တရုတ်စမတ်ဖုန်းဈေးကွက် တတိယသုံးလပတ်အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ IDC လို့ခေါ်တဲ့ နိုင်ငံတကာအချက်အလက် ကော်ပိုရေးရှင်းကလည်း ဒီတစ်ပတ်ထဲမှာ တရုတ်နိုင်ငံအတွင်း စမတ်ဖုန်းရောင်းအားနဲ့ ပတ်သက်လို့ ကိုယ်ပိုင်အစီရင်ခံစာတစ်စောင် ထုတ်ခဲ့ပါတယ်။



Photo: gizmochina


IDC ရဲ့ အစီရင်ခံစာအရ တရုတ်စမတ်ဖုန်းအမှတ်တံဆိပ်တွေဟာ စုစုပေါင်း စမတ်ဖုန်းအလုံးရေ ၈၄.၈ သန်း ရောင်းချနိုင်ခဲ့ပြီး နှစ်အလိုက်ရောင်းအား ၁၄.၃% ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ဝယ်လိုအားကျဆင်းလာမှု ၊ Huawei ရဲ့ Supply အကြပ်အတည်းနဲ့ Huawei ၊ Apple တို့ရဲ့ flagship များ အဝင်နောက်ကျမှုတွေကြောင့် အခုလို တင်ပို့မှု ကျဆင်းခဲ့တာလို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

Supply ပြဿနာတွေ ရှိထားပေမယ့် Huawei ဟာ ၂၀၂၀ တတိယသုံးလပတ်အတွင်း စမတ်ဖုန်းပေါင်း ၃၅.၁ သန်း တင်ပို့နိုင်ပြီး ဈေးကွက်ဝေစု ၄၁.၄% နဲ့ ထိပ်ဆုံးက ရပ်တည်နေတယ်လို့ ဆိုပါတယ်။ တရုတ်စမတ်ဖုန်းဈေးကွက် ဒုတိယနေရာမှ Vivo ဟာ ဈေးကွက်ဝေစု ၁၇.၈% ၊ အလုံးရေ ၁၅ သန်း ရောင်းအားရှိခဲ့ပါတယ်။

Photo: gizmochina


ဒေါ်လာ ၂၀၀ ကနေ ၄၀၀ အကြား 5G ဖုန်းဘက်ကို အာရုံစိုက်လာတဲ့ OPPO ဟာ တရုတ်စမတ်ဖုန်းဈေးကွက်မှာ တတိယအကြီးဆုံး ဖုန်းကုမ္ပဏီအဖြစ် ရှိပြီး ဈေးကွက်ဝေစု ၁၆.၆% နဲ့ တတိယသုံးပတ်ဖုန်းရောင်းအား ၁၄.၁ သန်းရှိခဲ့တာပါ။ ဈေးကွက်ဝေစု ၁၃% ရှိပြီး ဖုန်းအလုံးရေ ၁၁ သန်း တင်ပို့နိုင်ခဲ့တဲ့ Xiaomi ဟာ OPPO အောက်မှာ ရှိပေမယ့် နှစ်အလိုက်ရောင်းအားမြင့်တက်မှု ၁၃.၄% နဲ့ အတက်ပြနေတဲ့ တစ်ခုတည်းသော ဖုန်းကုမ္ပဏီလို့လည်း ဆိုပါတယ်။

ထိပ်ဆုံး ဖုန်းကုမ္ပဏီ ၅ ခုမှာ Apple ဟာ ဈေးကွက်ဝေစု ၈.၃% နဲ့ ပဉ္စမနေရာမှာ ရှိပြီး ဖုန်းတင်ပို့မှုအရေအတွက် ၇ သန်း ရှိခဲ့တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က