တခြားဂြိုလ်တု ၁၂ လုံးနဲ့အတူ ကမ္ဘာပတ်လမ်းထဲ လွှင့်တင်ခဲ့တာပါ

တရုတ်နိုင်ငံဟာ ကမ္ဘာ့ပထမဆုံး 6G ဂြိုလ်တုကို နည်းပညာစမ်းသပ်မှုလုပ်ဖို့အတွက် အာကာသထဲ အောင်အောင်မြင်မြင်လွှင့်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ရှန်ကျီခရိုင်မြောက်ပိုင်း Taiyuan ဂြိုလ်တုလွှင့်တင်ရေးစင်တာကနေ နိုဝင်ဘာ ၆ ရက်နေ့ မနက်ပိုင်းက လွှင့်တင်ခဲ့တာ ဖြစ်တယ်လို့ တရုတ်နိုင်ငံ အီလက်ထရွန်းနစ် သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က WeChat ပလက်ဖောင်းမှ ကြေညာပါတယ်။ တက္ကသိုလ်ရဲ့ နာမည်ပေးထားတဲ့ ဒီကမ္ဘာ့ပထမဆုံး 6G လေ့လာရေးဂြိုလ်တုကို Taiyuan ဂြိုလ်တုလွှင့်တင်ရေးစင်တာမှ တခြားဂြိုလ်တု ၁၂ လုံးနဲ့အတူ ကမ္ဘာပတ်လမ်းထဲ လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။



Photo: gizmochina


ဒီဂြိုလ်တုမှာ တရုတ် အီလက်ထရွန်းနစ် သိပ္ပံနဲ့နည်းပညာတက္ကသိုလ်နဲ့ တခြား ထိပ်တန်းပြည်တွင်းသုတေသနဓါတ်ခွဲခန်းတွေကနေ ထုတ်ထားတဲ့ Terahertz ဂြိုလ်တုဆက်သွယ်ရေး payload တစ်ခု တပ်ဆင်ထားပါတယ်။ ဒါ့အပြင် သီးနှံပျက်စီးမှုအခြေအနေစောင့်ကြည့်ခြင်း နဲ့ တောမီးကာကွယ်ရေးအတွက် သုံးနိုင်မယ့်ပစ္စည်းတွေပါ သယ်ဆောင်သွားမှာပါ။

"ဒါဟာ အာကာသထဲ Terahertz ဆက်သွယ်ရေးနည်းပညာ ဖော်ထုတ်ရာမှာ တရုတ်နိုင်ငံရဲ့ အရေးကြီးတဲ့ ဖွံ့ဖြိုးမှုတစ်ခု ဖြစ်တယ်" လို့ တရုတ်အင်ဂျင်နီယာအကယ်ဒမီနဲ့ ဂြိုလ်တုနည်းပညာသုတေသနအင်စတီကျူ့ဒ်ရဲ့ ညွှန်ကြားရေးမှူး ပါမောက္ခရှုယန်ရှန်းက ပြောပါတယ်။

Photo: Gizmochina


ဂြိုလ်တုဟာ 5G ထက် အဆပေါင်းများစွာ မြန်ဆန်တဲ့ ဒေတာပေးပို့မှု လုပ်ဆောင်ဖို့အတွက် ကြိမ်နှုန်းမြင့် Terahertz လှိုင်းတွေ သုံးသွားမှာပါ။ သတင်းထုတ်ပြန်ချက်မှာ ဒီဂြိုလ်တုဟာ 6G လေ့လာသုတေသနပြုမှုများအပြင် အရေးကြီးတဲ့ အခြေခံအဆောက်အဦီ တည်ဆောက်ခြင်း ၊ ရာသီဥတုစောင့်ကြည့်ကာကွယ်ခြင်း ၊ မြေပြင်စီမံမှု ၊ ဉာဏ်ရည်မြင့်မြို့ပြဆိုင်ရာ အသုံးချရေးမှာ သုံးနိုင်မယ်လို့ ဆိုပါတယ်။ 

တရုတ်နိုင်ငံဟာ 5G နည်းပညာပိုင်းမှာ ဦးဆောင်နေတဲ့ နိုင်ငံတစ်ခု ဖြစ်ပြီး တရုတ်ဖုန်းကုမ္ပဏီကြီးအားလုံးဟာ 5G ဖုန်းတွေ ထုတ်လုပ်ရောင်းချနေပါတယ်။ တရုတ်နိုင်ငံဟာ ဂျပန်နဲ့ တခြားနိုင်ငံအနည်းငယ်လိုပဲ 6G ကွန်ရက်ပိုင်း ကြံဆနေပါတယ်။ နောက်ဆယ်စုနှစ်အတွင်းမှာ 6G နည်းပညာကို စီးပွားဖြစ်သုံးနိုင်ဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က