အွန်လိုင်းဈေးဝယ်မှု အမြင့်ဆုံးအချိန်မှာ တစ်စက္ကန့်မှာ အရောင်းအဝယ်လုပ်မှုပေါင်း ၅၈၃၀၀၀ အထိ ရှိခဲ့တာပါ။

ကမ္ဘာ့အကြီးဆုံး ဈေးရောင်းပွဲတော်ကြီးတစ်ခု ဖြစ်တဲ့ Singles' Day နေ့မတိုင်ခင် တရုတ်မှ ဈေးဝယ်သူတွေဟာ ဒေါ်လာဘီလျံ ၆၀ နီးပါးဖိုး ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။ 

ဒေသစံတော်ချိန် နိုဝင်ဘာ ၁၁ ရက် မနက် ၁၂ ခွဲ အချိန်အထိ Alibaba ပလက်ဖောင်းပေါ်ကနေ ယွမ် ၃၇၂.၃ ဘီလျံကျော် (ဒေါ်လာ၅၆.၃ ဘီလျံဖိုး) ရောင်းချနိုင်ခဲ့တယ်လို့ Gizmochina သတင်းက ဆိုပါတယ်။ အွန်လိုင်းဈေးဝယ်မှု အမြင့်ဆုံးအချိန်မှာ တစ်စက္ကန့်မှာ အရောင်းအဝယ်လုပ်မှုပေါင်း ၅၈၃၀၀၀ အထိ ရှိခဲ့တာပါ။



Photo: SCMP


အာရှရဲ့ အကြီးဆုံးကုမ္ပဏီတစ်ခု ဖြစ်တဲ့ Alibaba ဟာ ပြီးခဲ့တဲ့ နှစ် Singles' Day အစမှာ ဒေါ်လာ ၃၈ ဘီလျံနဲ့ စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်ထဲ အခုလို ရောင်းအားနှစ်ဆနီးပါး တက်ခဲ့ရတဲ့ အကြောင်းတစ်ခုက Singles' Day အတွက် လျှော့ဈေးနဲ့ ရောင်းချမှုကို နိုဝင်ဘာ ၁ ရက်နေ့ကနေ စတင်ခဲ့လို့ ဖြစ်ပါတယ်။

COVID-19 ကပ်ဘေးကြောင့်လည်း ဈေးဝယ်သူအများစုဟာ အွန်လိုင်းကနေ ဝယ်ယူမှုကို ပိုပြီး လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။ သတင်းတွေအရ Alibaba ဟာ ဒီနှစ် Singles' Day မှာ ကုမ္ပဏီရဲ့ ပလက်ဖောင်းပေါ်ကနေ ထုတ်ကုန်သစ် ၂ သန်းကျော် တင်ထားတယ်လို့ ဆိုပါတယ်။ ဒါဟာ အရင်နှစ်ကနဲ့ စာရင် နှစ်ဆ တိုးတင်ထားတာလည်း ဖြစ်ပါတယ်။

Photo: The Star


ဒစ်စကောင့်ကြီးကြီးမားမား စပြီး ချပေးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့ ၁၁၁ မိနစ် ရောင်းအားမှာ brand ပေါင်း ၁၀၀ ဝန်းကျင် ရောင်းချခဲ့ပြီး ထုတ်ကုန်အနေနဲ့ ယွမ် သန်း ၁၀၀ ဖိုး ရောင်းချနိုင်ခဲ့တာပါ။ JD.com ကလည်း နိုဝင်ဘာ ၁ ရက်နေ့ ရောင်းအားဟာ ပြီးခဲ့တဲ့နှစ်ကထက် ၉၀% ပိုမြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ 

JD.com ရဲ့ transaction ပမာဏဟာ နိုဝင်ဘာ ၁၁ ရက် ပထမ ၁၀ မိနစ်အတွင်း ယွမ် ဘီလျံ ၂၀၀ အထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ COVID-19 ကပ်ဘေးကြောင့် e-Commerce အရောင်းအဝယ်ဟာ တိုးလာခဲ့ပါတယ်။ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ရဲ့ အစီရင်ခံစာအရ ၂၀၂၀ နှစ်ဝက်အတွင်း အွန်လိုင်းလက်လီရောင်းအား ယွမ် ၅.၁၅ ထရီလီယမ်ရှိခဲ့ပြီး အရင်ကထက် ၇.၃% တက်လာခဲ့တယ်လို့ ဆိုပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က