15GB ပဲ အလကား ရမှာပါ
Nyein Min Wai

ဓါတ်ပုံတွေ အခမဲ့ စိတ်ကြိုက်တင်လို့ရတဲ့ Google Photos စနစ်ကို လာမယ့်နှစ် ဇွန်လ ၁ ရက်နေ့ကစပြီး ရပ်ဆိုင်းတော့မယ်လို့ Google က ကြေညာပါတယ်။

၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်နေ့ကစပြီး Google Photos ပေါ် တင်လိုက်တဲ့ ဖိုင်တွေကို 15GB အထိပဲ default storage သိမ်းနိုင်မှာ ဖြစ်ပါတယ်။ Google အကောင့်သစ်တစ်ခုရှိတိုင်း 15GB စာ ဓါတ်ပုံတွေ သိမ်းဆည်းနိုင်မှာပါ။ လာမယ့်နှစ် ဇွန်လမတိုင်ခင် တင်လိုက်တဲ့ ဓါတ်ပုံနဲ့ စာဖိုင်တွေကတော့ 15GB သတ်မှတ်ချက်မှာ ပါရှိမှာ မဟုတ်ပါဘူး။

Photo: BGR

ဒါကြောင့် ဓါတ်‌ပုံတွေ သိမ်းဖို့ Google Photos ကို ဆက်သုံးမလား ၊ တခြား Cloud Storage Provider ပဲ ပြောင်းမလားဆိုတာ စဉ်းစားဖို့ အချိန်အများကြီး ရဦးမှာ ဖြစ်ပါတယ်။ ဇွန် ၁ ရက်နေ့နောက်ပိုင်း တင်တဲ့ ဓါတ်ပုံတွေကိုပဲ 15GB ကန့်သတ်ချက်ထဲ စပြီး ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

Google အကောင့်တစ်ခုအတွက် ရတဲ့ 15GB ပြည့်သွားရင်တော့ ဓါတ်ပုံတွေ ဆက်ပြီး တင်နိုင်ဖို့အတွက် Google One plan တစ်ခုခုမှာ အခကြေးငွေနဲ့ စာရင်းသွင်းရမှာပါ။ တကယ်လို့ ဒီဝန်ဆောင်မှုကို မသုံးတာ နှစ်နှစ်ကျော်သွားရင် ဖြစ်စေ storage ပြည့်သွားတာ နှစ်နှစ်ကျော်သွားရင်ဖြစ်စေ ကိုယ့်ရဲ့ contents တွေကို Google က ဖျက်သွားမှာ ဖြစ်ပါတယ်။

Google Photo ရဲ့ အစီအစဉ်သစ်မှာ Pixel ဖုန်းတွေတော့ မပါရှိပါဘူး။ Pixel ဖုန်းပိုင်ရှင်တွေကတော့ ဓါတ်ပုံတွေကို အခမဲ့ ၊ Unlimited စိတ်ကြိုက် ဆက်ပြီး သိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ အခုအပြောင်းအလဲက Android ၊ iOS နဲ့ Desktop ပလက်ဖောင်းအားလုံးမှာ ရှိတဲ့ Google Photos ဝန်ဆောင်မှု သုံးသူတိုင်းအပေါ် သက်ရောက်မှု ရှိမှာပါ။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က