၂၀၁၁ ခုနှစ်မှာ Galaxy Note စီးရီးကို စတင်မိတ်ဆက်ခဲ့တာပါ
Nyein Min Wai

လာမယ့် ၂၀၂၁ ခုနှစ်အတွက် Galaxy Note ဗားရှင်းသစ်ကို မြင်ရဖို့ မရှိဘူးလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။


Samsung Electronics ဟာ ကုမ္ပဏီရဲ့ ပရီမီယံဖုန်းစီးရီးတစ်ခုဖြစ်တဲ့ Galaxy Note မော်ဒယ်သစ်ကို နောက်နှစ်ထဲမှာ ထုတ်ဖို့ မရှိဘူးလို့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက Reuters ကို ပြောထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် High-end စမတ်ဖုန်း ဝယ်လိုအားကျဆင်းမှုကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Photo: Channel News Asia


Galaxy Note စီးရီးဟာ Samsung ရဲ့ ပရီမီယံဖုန်းစီးရီးနှစ်မျိုးထဲက တစ်ခု ဖြစ်ပြီး Galaxy S စီးရီးထက် ပိုကြီးတဲ့ screen နဲ့ Note ရေးဖို့ Stylus တစ်ခုလည်း ပါရှိပါတယ်။ သတင်းအရင်းအမြစ် သုံးခုရဲ့အဆိုအရ ၂၀၂၁ ခုနှစ်အတွက် Galaxy Note ဗားရှင်းထုတ်ဖို့ Samsung အနေနဲ့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။

Galaxy Note စီးရီး ထွက်မလာပေမယ့် Galaxy S series ကိုတော့ အဆင့်မြှင့်တင်မှုတွေ လုပ်သွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။ လာမယ့်နှစ်မှာ ထွက်လာမယ့် Galaxy S21 မှာ Stylus တစ်ခု ပါရှိမှာ ဖြစ်ပြီး အသစ်ထွက်လာမယ့် Samsung ရဲ့ Foldable ဖုန်းသစ်မှာလည်း Stylus နဲ့ချိတ်နိုင်မယ်လို့ သတင်းထွက်ထားပါတယ်။ Stylus ကိုတော့ သီးသန့်ရောင်းချသွားမှာပါ။

Photo: 91mobiles


Counterpoint ဈေးကွက်သုတေသနကုမ္ပဏီရဲ့ သုတေသီတစ်ဦးဖြစ်တဲ့ တွမ်ခန်ကတော့ Galaxy Note စီးရီးရောင်းအားဟာ ဒီနှစ်ထဲမှာ ၅ သန်းကနေ ၈ သန်းအထိ ကျဆင်းဖို့ရှိပြီး S series ကတော့ ၅ သန်းကနေ သန်း ၃၀ အောက်အထိ ကျဆင်းဖို့ ရှိတယ်လို့ ဆိုပါတယ်။ ပရီမီယံဖုန်းဝယ်လိုအားဟာ ဒီနှစ်ထဲမှာ ကျဆင်းခဲ့ပြီး လူအတော်များများ ဖုန်းသစ်ဝယ်မဝယ်တော့ဘူးလို့လည်း သူက ပြောပါတယ်။

Samsung ဟာ ၂၀၁၁ ခုနှစ်ထဲမှာ Galaxy Note စီးရီးကို စတင်မိတ်ဆက်ခဲ့ပါတယ်။ screen size အကြီးစားနဲ့ လာတဲ့ ဒီစီးရီးဟာ ဈေးကွက်ကို အပြောင်းအလဲလုပ်နိုင်ခဲ့ပါတယ်။ Galaxy Note စီးရီးပေါ်တဲ့ နှစ်မှာပဲ Samsung ဟာ Apple ကို ကျော်ပြီး ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းထုတ်လုပ်သူ ဖြစ်ခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က