Remote Center မသုံးဘဲ စမ်းသပ်မှုလုပ်နေတာပါ

တရုတ်အခြေစိုက် အလိုအလျောက်မောင်းယာဉ် Startup လုပ်ငန်းတစ်ခုဖြစ်တဲ့ AutoX ဟာ မောင်းသူမဲ့ယာဉ်စမ်းသပ်မှုစတင်နေပြီလို့ ဆိုပါတယ်။

Alibaba Group မှ ပံ့ပိုးထားတဲ့ AutoX startup လုပ်ငန်းဟာ Fiat Chrysler Automobiles NV (FCA) ဆီမှ Pacifica မီနီဗင်ကားတွေနဲ့ အပြည့်အဝမောင်းသူမဲ့ယာဉ်များကို တရုတ်မှာ စတင်စမ်းသပ်နေတာ ဖြစ်ပါတယ်။ရှန်းကျန့်မြို့မှာ မောင်းသူမဲ့ယာဉ် ၂၅ စီးနဲ့ တခြားမြို့ကြီးတွေမှာ ၅စီး အသုံးပြုပြီး နည်းပညာစမ်းသပ်မှု လုပ်နေပါတယ်။



Photo: techgenyz


AutoX ဟာ ပြီးခဲ့တဲ့ဇူလိုင်လထဲမှာ ကယ်လီဖိုးနီးယား အများပိုင်လမ်းတွေမှာ ယာဉ်မောင်းမထားဘဲ ခရီးသည်တင်ဆောင် စမ်းသပ်မှု လုပ်ခဲ့ပါတယ်။ ကယ်လီဖိုးနီးယား အများပိုင်လမ်းတွေမှာ မောင်းသူမပါဘဲ ခရီးသည်တင်စမ်းသပ်မှုကို Alphabet Inc ပိုင် Waymo မောင်းသူမဲ့ကားလုပ်ငန်းက ပထမဆုံးလုပ်ဆောင်ခဲ့ပြီး AutoX က ဒုတိယမြောက်စမ်းသပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

တရုတ်မှာ မောင်းသူမဲ့ကားတွေ စမ်းသပ်နေတဲ့ ပြိုင်ဘက် WeRide နဲ့ Baidu တို့ဟာ စမ်းသပ်နေတဲ့ ယာဉ်တွေကို လိုအပ်သလို ထိန်းချုပ်နိုင်စေဖို့ အဝေးထိန်းစင်တာတစ်ခု ထားပါတယ်။ AutoX ကတော့ Remote Center မသုံးဘူးလို့ ဆိုပါတယ်။ ကုမ္ပဏီဟာ Level 4 အဆင့် လူမဲ့အလိုအလျောက်မောင်းနှင်မှု စံဖွံ့ဖြိုးရေးလုပ်ဆောင်နေပါတယ်။ 

Level-4 အဆင့် မောင်းသူမဲ့ကားဟာ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေအများစုမှာ လူရဲ့ ကြားဝင်ထိန်းကျောင်းမှုမလိုဘဲ အလိုအလျောက် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ AutoX ယာဉ်တွေဟာ ကိုယ်ပိုင်ယာဉ်ထိန်းချုပ်မှုယူနစ်နည်းပညာ ဖြစ်တဲ့ XCU တပ်ဆင်ထားပါတယ်။ XCU control Unit ဟာ တွက်ချက်လုပ်ဆောင်မှုနှုန်း ပိုမြန်ဆန်ပြီး ရှုပ်ထွေးတဲ့လမ်းပိုင်းတွေ ထိန်းချုပ်မှုမှာ ပိုပြီး တွက်ချက်မှုလုပ်နိုင်မယ်လို့ ဆိုပါတယ်။




ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ရှောင်ယင်းဇောင်ဟာ နောက်ထပ်မောင်းသူမဲ့ယာဉ်တွေ တိုးချဲ့ဖို့နဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းတွေ ပိုလုပ်နိုင်ဖို့ ရံပုံငွေထောက်ပံ့ပေးမယ့် ရင်းနှီးမြှပ်နှံသူတွေနဲ့ စကားပြောနေတယ်လို့ ဆိုပါတယ်။ AutoX ကို Alibaba အပြင် Dongfeng Motor Group နဲ့ SAIC Mort Corp တို့ကလည်း ထောက်ပံ့ထားပါတယ်။

လက်ရှိမှာ ရံပုံငွေရှာဖွေရေးအစီအစဉ် ငါးခုကနေ ဒေါ်လာသန်း ၁၆၀ ကျော် ရရှိထားတယ်လို့လည်း ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က