Apple ဟာ ဈေးကွက်ဝေစုအများဆုံး ရထားပါတယ်

ကိုဗစ်ကာလစမတ်ဖုန်းတင်ပို့မှု ကျဆင်းခဲ့ပေမယ့် လူ့ကိုယ်မှာ ဝတ်ဆင်နိုင်တဲ့ Wearable ထုတ်ကုန်တင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ်ကထက် ၃၅% မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

IDC ‌‌ဈေးကွက်သုတေသနအချက်အလက်တွေအရ ၂၀၂၀ တတိယသုံးလပတ် ဝတ်ဆင်နိုင်တဲ့ စမတ်ထုတ်ကုန်တင်ပို့မှုဟာ စုစုပေါင်း ၁၂၅ သန်းအထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ Wearable Market မှာ Apple ဟာ ဈေးကွက်ဝေစု ၃၃% နဲ့ အများဆုံးဖြစ်ပြီး သူ့နောက်မှာ Xiaomi ၊ Huawei နဲ့ Samsung တို့က အစဉ်အတိုင်း ရပ်တည်နေပါတယ်။




Photo: GSMArena

စမတ် Wearable ဈေးကွက်ဝေစုမှာ ပဉ္စမအကြီးဆုံးအဖြစ် Fitbit နဲ့ Boat တို့က ထုတ်ကုန်တင်ပို့မှု ၃.၃ သန်းနဲ့ အတူရှိနေပါတယ်။ ဈေးကွက်ဝေစုအနေနဲ့ ဈေးကွက်တစ်ခုလုံးရဲ့ ၂.၆% ဖြစ်ပါတယ်။ Smart Wearable အဓိက ထုတ်လုပ်သူအများစုဟာ နှစ်အလိုက် ရောင်းအား အတက်ပြခဲ့တာ တွေ့ရပါတယ်။

"နိုင်ငံအများအပြားဟာ တတိယသုံးလပတ်မှာ ကိုဗစ်စည်းမျဉ်းဖြေလျှော့မှုတွေ လုပ်ဆောင်လာပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်လာတာကလည်း Wearable ဈေးကွက်ဝယ်လိုအား ပိုခိုင်မာအားကောင်းလာစေပါတယ်။"လို့ IDC Mobile Device Trackers သုတေသနမန်နေဂျာ ဂျီတက်ချ် အူဘရာနီက ဆိုပါတယ်။ 

Photo: Gadgets And Wearables

တတိယသုံးလပတ်အတွင်း Apple ဟာ Wearable ထုတ်ကုန်ပေါင်း ၄၁.၄ သန်း ရောင်းချနိုင်ခဲ့ပြီး နှစ်အလိုက်ဈေးကွက်ရောင်းအား ၃၈.၆% တက်လာခဲ့ပါတယ်။ Xiaomi ကတော့ ထုတ်ကုန် ၁၇ သန်းရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစု ၁၃.၆% ရခဲ့တာ ဖြစ်ပါတယ်။ တတိယသုံးလပတ် Xiaomi ရဲ့ ရောင်းချနိုင်ခဲ့တဲ့ Smart Wearables ထုတ်ကုန် ၁၇ သန်းထဲက ၁၂.၈ သန်းဟာ Wristbands စမတ်လက်ပတ်ထုတ်ကုန်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ Wearable ထုတ်ကုန်တွေ ခေတ်စားလာပြီး ဒီထုတ်ကုန်တွေကို ပထမဆုံးသုံးတဲ့သူတွေ ပိုများလာတာကြောင့် Wearable ‌ဈေးကွက်ဟာ ပိုပြီး ဝယ်လိုအားကောင်းလာနိုင်တယ်လို့ IDC က ခန့်မှန်းပါတယ်။ 

Share

Loading Next Article...
က္က