Digital Yuan သုံးစွဲလာအောင် ပရိုမိုးရှင်းတွေ လုပ်နေပါတယ်။
Nyein Min Wai

တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်ဒစ်ဂျစ်တယ်ငွေကြေးစနစ်ဖြစ်တဲ့ Digital Yuan ကို အွန်လိုင်းပေါ်က ပစ္စည်းဝယ်ယူများအတွက် ငွေချေဖို့ သုံးလာကြပါတယ်။ 

JD.com လို့ ခေါ်တဲ့ တရုတ် e-Commerce ကုမ္ပဏီ Jingdong ဟာ Digital Yuan ငွေချေမှုကို လက်ခံတဲ့ ပထမဆုံးအွန်လိုင်းပလက်ဖောင်း ဖြစ်တယ်လို့ Gizmochina သတင်းက ဆိုပါတယ်။ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးနည်းပညာဌာန ဖြစ်တဲ့ JD Digits ဟာ Digital Yuan ကို ကုမ္ပဏီပလက်ဖောင်းပေါ်က တချို့ပစ္စည်းတွေ ဝယ်ယူရာမှာ ငွေချေစနစ်အနေနဲ့ လက်ခံလိုက်တာ ဖြစ်ပါတယ်။

Photo; Medium


ရှန်ဟိုင်းမြို့အနားမှာ ရှိတဲ့ ဆူချောင်မြို့မှာ နေထိုင်သူတွေအတွက် Digital Yuan အခမဲ့ပရိုမိုးရှင်းပေးတဲ့ ကနဦး စမ်းသပ်အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ စတင်လိုက်တာ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ တရားဝင် WeChat အကောင့်မှာ ထုတ်ပြန်ထားပါတယ်။ Digital Yuan ဟာ ကမ္ဘာ့အဆင့်မြင့်ဆုံး ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အစီအစဉ်တွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

Bitcoin နဲ့ Facebook ရဲ့ Libra တို့လို ပုဂ္ဂလိက ငွေကြေးစနစ်ရဲ့ ခြိမ်းခြောက်မှုကို ကမ္ဘာတစ်လွှားမှာရှိတဲ့ နိုင်ငံအသီးသီးမှ အာဏာပိုင်တွေ တုံ့ပြန်မှု လုပ်နေချိန် ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။ ဆူချောင်စီမံကိန်းအောက်မှာ မြူနီစီပယ်အစိုးရနဲ့ တရုတ်ပြည်သူ့ဘဏ် PBOC တို့ဟာ ထီလက်မှတ်တစ်စောင်ကနေ သုံးစွဲသူ ၁ သိန်းအတွက် Digital Yuan အံပေါင်း ၂၀၀ စီ ပေးသွားမှာပါ။ 

ရှန်းကျင့်မြို့မှ လူ ၅ သောင်းအတွက် ယွမ် ၁၀ သန်းတန် ဒစ်ဂျစ်တယ်ငွေကြေးတွေ ထုတ်ပေးပြီးနောက် အလားတူ ဒုတိယအကျော့ မဲဖောက်မှုကို ဆူချောင်မှာ လုပ်သွားမှာပါ။ ပြီးခဲ့တဲ့လက PBOC အုပ်ချုပ်ရေးမှူး ယီဂန်းရဲ ပြောကြာချက်အရ ယွမ် ဘီလျံ ၂ ဘီကျော်ဖိုး ဝယ်ယူမှုကို ဒစ်ဂျစ်တယ်ငွေကြေးစနစ် သုံးပြီး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ 


Author


က္က