၂၀၂၁ နှစ်ကုန်မှာ ထုတ်လုပ်မှု စတင်သွားဖို့ရှိပါတယ်

chipset ထုတ်လုပ်ရေးမှာ တခြားနိုင်ငံတွေကို အားကိုးမှုလျှောချ့ဖို့ အရှိန်မြှင့်တင်နေတဲ့ တရုတ်နိုင်ငံမှာ Huawei ဟာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ပြီလို့ ဆိုရမှာပါ။

China Money Network သတင်းအရ Huawei ရဲ့ ပထမဆုံးပြည်တွင်း chip ထုတ်လုပ်ရေးစက်ရုံဟာ တရားဝင်တည်ဆောက်ပြီးစီးသွားပြီလို့ ဆိုပါတယ်။ Huawei Optical Factory Project (Phase II) စက်ရုံဟာ Wuhan Optics Valley Center မှာ တည်ရှိပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ဧရိယာအနေနဲ့ စုစုပေါင်း စတုရန်းမီတာ ၂၀၈၉၀၀ ရှိပါတယ်။



Photo: Gizmochina

တည်ဆောက်ပြီးတဲ့ စက်ရုံလုပ်ငန်းခွင်ထဲမှာ semiconductor ထုတ်လုပ်တဲ့ FAB Production Plant ၊ CUB Power Station ၊ PMD Software စက်ရုံနဲ့ တခြား အဆောက်အဦများလည်း ပါဝင်နေပါတယ်။ ဒါဟာ တရုတ်နိုင်ငံအလယ်ပိုင်းမှာ Huawei ရဲ့ အကြီးမားဆုံး သုတေသနဲ့ ဖွံ့ဖြိုးမှုအခြစိုက်စခန်းတစ်ခုလည်း ဖြစ်ပါတယ်။

ပရောဂျက်ပြီးတဲ့နောက် တရုတ်နိုင်ငံအတွင်း Huawei ရဲ့ ပထမဆုံး Chip ထုတ်လုပ်ရေးစက်ရုံတစ်ခုအဖြစ်လည်း ထုတ်လုပ်မှု လုပ်ဆောင်သွားမှာပါ။ ဒီနည်းနဲ့ ကိုယ်ပိုင် chip ဒီဇိုင်း ထုတ်ခြင်း ၊ ထုတ်ပိုးစမ်းသပ်မှုလုပ်ခြင်းအားလုံးကို အစအဆုံး လုပ်‌ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ Huawei အနေနဲ့ ဝူဟန်စက်ရုံအပြင် ရှန်ဟိုင်းမှာလည်း နောက်ထပ် Chipset စက်ရုံတစ်ခု တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ရှန်ဟိုင်း chip စက်ရုံကို ရှန်ဟိုင်းမြို့အခြေစိုက် သုတေတနနဲ့ဖွံ့ဖြိုးရေးကုမ္ပဏီတစ်ခုက Huawei ကိုယ်စား တိုက်ရိုက်စီမံအုပ်ချုပ်သွားမှာပါ။ ဒီစက်ရုံမှာ အမေရိကန်က လာတဲ့ ဘယ်နည်းပညာကိုမှ သုံးမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ အစီအစဉ်အရ ၂၀၂၁ နှစ်ကုန်မှာ ဒီစက်ရုံကနေ 45nm chipset တွေ စတင်ထုတ်လုပ်ပြီး 28nm lithography နည်းပညာ သုံးသွားမှာပါ။

Photo: brumpost


၂၀၂၂ မှာ 20nm အောက် အဆင့်မြင့် ထုတ်လုပ်မှုပုံစံနဲ့ တယ်လီကွန်းဆက်သွယ်ရေးထုတ်ကုန်တွေအတွက် chips သက်သက် ထုတ်လုပ်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက စက်ရုံအပြီးသတ် တည်ဆောက်မှုကနေ ပစ္စည်းအစိတ်အပိုင်းတပ်ဆင်ထုတ်လုပ်ခြင်းအထိ လုပ်ဆောင်ဖို့ နှစ်နှစ်ကျော် ကြာမြင့်နိုင်ပါတယ်။

လက်ရှိမှာ Huawei ဟာ chip ထုတ်လုပ်ရေးဖြစ်စဉ်မှာ အရေးပါတဲ့ ပစ္စည်းအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့ လစ်သီဂရက်ဖိုစက်နည်းပညာကို သုတေသနလုပ်ဖို့ Shanghai Microelectronics နဲ့ လက်တွဲအလုပ်လုပ်နေတယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က