chipset ဝယ်နိုင်ဖို့ နီးစပ်လာပါတယ်

ပြီးခဲ့တဲ့လကပဲ ပိုင်ရှင်အသစ်ပြောင်းသွားတဲ့ Honor ဟာ chips supplier ကြီးဖြစ်တဲ့ Qualcomm ဆီက ပစ္စည်းဝယ်ယူဖို့ စကားပြောနေပြီလို့ ဆိုပါတယ်။

အမေရိကန်အစိုးရရဲ့ စီးပွားရေးကန့်သတ်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ Huawei ဟာ Honor စီးပွားရေးလုပ်ငန်းကို Shenzhen Zhixin New Information Technology ဆီ ရောင်းချခဲ့ပါတယ်။ "ပြင်းထန်တဲ့ ဖိအားတွေကြောင့် ရပ်တည်ဖို့ ခက်ခဲလာနေချိန်မှာ Honor ချန်နယ်ကို ဆက်ပြီး ရှင်စေဖို့ Huawei Investment Holdings အနေနဲ့ Honor စီးပွားရေးလုပ်ငန်းစုတစ်ရပ်လုံးကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ပါတယ်။" လို့ ကုမ္ပဏီဘက်က ထုတ်ပြန်ခဲ့ပါတယ်။



Photo: FT

Shenzhen Zhixin New Information Technology ဟာ Honor ကို ဝယ်ပြီးနောက် ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်အဖြစ် အသက်သွင်းဖို့ လုပ်နေပါတယ်။ လတ်တလော ကြားနေရတဲ့ သတင်းတွေအရ Honor ဖုန်းတွေမှာ Qualcomm chips တွေ သုံးနိုင်ဖို့ ကုမ္ပဏီနှစ်ခုအကြား ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ 

GSMArena သတင်းအရ Qualcomm ဟာ အသစ်ထွက်လာမယ့် Honor ဖုန်းတွေအတွက် chipsets ထောက်ပံ့ဖို့ ပြောပြီးဆိုပြီးသွားပြီလို့ ဖော်ပြထားပါတယ်။ Honor နဲ့ Qualcomm အကြားလည်း သဘောတူညီချက်တစ်ခု ထွက်လာဖို့ နီးစပ်နေပြီလို့လည်း ဆိုပါတယ်။ Honor အနေနဲ့ V40 စီးရီးတွေမှာ MediaTek Chipset တွေ သုံးပြီး ဆက်ထုတ်သွားဖို့ စီစဉ်နေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။


Photo: phonemantra

Honor ရဲ့ CEO ဇောင်မင်းကတော့ Honor ကို တရုတ်စမတ်ဖုန်းဈေးကွက်အတွင်း ထိပ်တန်စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခု ဖြစ်လာဖို့ ရည်မှန်းထားကြောင်း ကြေညာထားပါတယ်။ အရောင်းအဝယ်ဖြစ်ကြောင်း ကြေညာပြီး တစ်ပတ်အကြာမှာ Honr ဟာ စမတ်ဖုန်းတွေအပြင် တခြား ထုတ်ကုန်တွေလည်း ဖြန့်ချိသွားမယ်လို့ ဇောင်က ဆိုပါတယ်။

Honor ရဲ့ မိခင်ကုမ္ပဏီဟောင်း Huawei ကတော့ အမေရိကန်နည်းပညာနဲ့ ထုတ်ကုန်တွေ ဝယ်ယူသုံးစွဲခွင့် အပိတ်ခံထားရပါတယ်။ Honor ကို မရောင်းချခင်က Huawei ရော Honor ပါ ဈေးကွက်မှာ ကန့်သတ်တားမြစ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ပိုင်ရှင်သစ်ရဲ့ လက်ထဲမှာ Honor ဟာ အမေရိကန်နည်းပညာကုမ္ပဏီတွေနဲ့ အတူ စီးပွားရေးလုပ်ခွင့်ရဖို့ မျှော်လင့်ချက်သစ်တွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က