Sony ဟာ Anime လောကမှာ အင်အားကြီးကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နေပါတယ်

Sony Pictures Entertainment ဟာ Anime Streaming ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်တဲ့ Crunchyroll ကို ဝယ်ယူလိုက်ပြီလို့ ဆိုပါတယ်။ 

ဒီအရောင်းအဝယ်ကြောင့် Crunchyroll ဟာ Sony ပိုင် Funimation အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာပါ။ အရောင်းအဝယ်တန်ဖိုးဟာ ဒေါ်လာ ၁.၁၇၅ ဘီလျံတန်ကြေးရှိတယ်လို့ Gizmochina သတင်းက ဖော်ပြထားပါတယ်။ Funimation ရဲ့ ပလက်ဖောင်းမှာ Crunchyroll ရဲ့ အခမဲ့မန်ဘာ သန်း ၇၀ နဲ့ Paid Member ၃ သန်း ထပ်ရောက်လာမှာ ဖြစ်ပါတယ်။



Photo: Engadget

အမေရိကန် Streaming Video ဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Crunchyroll ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ AT&T ကနေ ဒေါ်လာ ၁ ဘီလျံဝန်းကျင်နဲ့ ဝယ်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ Crunchyroll ဟာ AT&T ရဲ့ လက်အောက်ခံလုပ်ငန်းအဖြစ်ကနေ Sony လက်အောက် ရောက်သွားမှာပါ။ Sony ဟာ ဂျပန် anime လောကအပြင် အမေရိကန်မှာ Anime Content ကဏ္ဍပိုင်းမှာ ဩဇာလွှမ်းမိုးလာတော့မှာ ဖြစ်ပါတယ်။ 

Sony ဟာ Anime လောကမှာ အင်အားကြီးကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နေပါတယ်။ Anime Streaming ဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်း မကြာခဏဆိုသလို ဝယ်ယူလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ မှာ Sony ဟာ Wakanim လို့ခေါ်တဲ့ Anime Streaming ဝန်ဆောင်မှုကို ဝယ်ယူခဲ့သလို ၂၀၁၈ ခုနှစ်ကလည်း Anime ဖြန့်ချိရေးလုပ်ငန်း Madman Anime နဲ့ သူ့ရဲ့ streaming ပလက်ဖောင်း AnimeLab ကို ဝယ်ယူခဲ့ပါတယ်။

Funimation ကို ဝယ်ပြီးနောက် Sony Pictures Television နဲ့ သူ့ရဲ့ ထုတ်လုပ်ရေးစတူဒီယိုတစ်ခုဖြစ်တဲ့ Aniplex တို့အကြား ပူးပေါင်းမှုနဲ့ streaming services အားလုံးကို ပေါင်းစည်းခဲ့ပါတယ်။ Crunchyrollနဲ့ အရောင်းအဝယ်ကိစ္စပြီးပြတ်ဖို့ စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် စောင့်ရဦးမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က