မြန်မာနိုင်ငံမှာလည်း အလားတူ ကြုံတွေ့နေရပါတယ်

မနက်ပိုင်းက စပြီး Facebook ရဲ့ ပင်မဝန်ဆောင်မှုတွေ ဖြစ်တဲ့ Messenger ၊ Instagram နဲ့ WhatsApp တို့ ကွန်ရက်ပြတ်တောက်မှု ကြုံနေရပါတယ်။

အင်တာနက်ကွန်ရက်အခြေအနေစောင့်ကြည့်နေတဲ့ Downdetector မှာ Facebook ၊ Messenger ၊ Instagram နဲ့ WhatsApp တို့မှာ ပြတ်တောက်မှုကြုံနေပြီး Newsfeeds ၊ story နဲ့ ပို့စ်တွေ တင်မရတဲ့ ပြဿနာရှိနေတယ်လို့ဆိုပါတယ်။ လူမှုကွန်ရက်ပြတ်တောက်မှု ဆိုးဆိုးဝါးဝါး ပြတ်တောက်တဲ့ နေရာတွေထဲမှာ ယူကေနဲ့ ဥရောပက ထိပ်ဆုံးက ဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း အလားတူ ကြုံတွေ့နေပါတယ်။



Photo: SCMP

Facebook ကတော့ ဒီပြဿနာနဲ့ပတ်သက်လို့ အသိပေးချက် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ လူမှုကွန်ရက်သုံးသူတွေကတော့ Messenger မှာ စာပို့ချိန်မှာ No Internet Connection လို့ ပြတာ တွေ့နေရပါတယ်။ Downdetector မှာ Facebook ပိုင် လူမှုကွန်ရက် ပြတ်တောက်မှုဟာ ဥရောပမှာ အများဆုံး ကြုံတွေ့နေရပေမယ့် အာရှ ၊ ဩစတြေးလျ နဲ့ မြောက်အမေရိကတို့မှာလည်း ဖြစ်ပွားနေတယ်လို့ တင်ပြထားပါတယ်။ 

ပြီးခဲ့တဲ့နှစ်ထဲမှာလည်း Facebook ပိုင် Social apps များ ၂၄ နာရီကြာတဲ့အထိ စံချိန်တင် ပြတ်တောက်မှု ဖြစ်ပွားခဲ့ပါတယ်။ DownDetector ရဲ့ ပူးတွဲတည်ထောင်သူ တွမ်ဆန်းဒါးစ်ကိုယ်တိုင်က ဒါဟာ ၂၀၁၂ နောက်ပိုင်း အချိန်အကြာဆုံး အင်တာနက် လိုင်းကျမှုလို့ ပြောခဲ့ပါတယ်။ 

၂၀၁၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Facebook ကွန်ရက်များ သုံးမရတဲ့အကြောင်းဟာ ဆာဗာ Configuration အပြောင်းအလဲကြောင့် ဖြစ်ခဲ့တာလို့ ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က