COVID-19 သတင်းအချက်အလက် မှန်ကန်ရေးကို ဦးစား‌ပေးလာနေကြပါတယ်

လာမယ့်အပတ်က စပြီး COVID-19 ဆေးဝါးအကြောင်း သတင်းအချက်အလက်များတွေကို စတင်ဖယ်ရှားတော့မယ်လို့ Twitter က ကြေညာချက် ထုတ်ပြန်ပါတယ်။

ဖယ်ရှားမယ့်ပို့စ်တွေထဲမှာ COVID-19 ဆေးဝါးတွေဟာ လူတွေကို ထိန်းချုပ်နိုင်/ထိခိုက်နိုင်အောင် ထုတ်ထားတယ်ဆိုတဲ့ အကြောင်းအရာတွေ ပါဝင်မှာ ဖြစ်တယ်လို့ Twitter ရဲ့ ဘလော့ဂ်ပို့စ်မှာ ပြောထားပါတယ်။ COVID-19 ရောဂါ တကယ်မရှိဘူးလို့ မှားယွင်းပြောဆိုနေတဲ့ Tweet တွေလည်း ဖယ်ရှားသွားမယ်လို့ ဆိုပါတယ်။



Photo: business-standard

Twitter ရဲ့ မူဝါဒသစ်အကောင်အထည်ဖော်မှုကို လာမယ့်သီတင်းပတ်ကနေ စတင်သွားမှာပါ။ လာမယ့်နှစ်ဆန်းပိုင်းက စပြီး COVID-19 ဆေး သတင်းမှားတွေ ပူးပေါင်းလှုံ့ဆော်နေကြသူတွေ တင်ကြတဲ့ Tweets တွေပေါ် label တပ်တာ ၊ သတိပေးချက် ထုတ်ပြန်တာမျိုး လုပ်သွားမယ်လို့ လည်း The Verge သတင်းက ဆိုပါတယ်။ 

ဒီ Label တပ်ထားတဲ့ Tweets တွေမှာ တရားဝင်အများပြည်သူ့ ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်တွေကို ညွှန်းမယ့် Link ထည့်သွင်းသွားမှာပါ။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲကာလအတွင်း Twitter သုံးစွဲသူတွေကို အတည်ပြုမဲပေးသတင်းအချက်အလက်တွေအကြောင်း ရည်ညွှန်းပေးပို့ခဲ့တဲ့ပုံစံအတိုင်း ဖြစ်မှာပါ။

Photo: detroitnews

"ဒေသတွင်း ၊ ပြည်တွင်းနဲ့ ကမ္ဘာအရပ်ရပ်က အများပြည်သူ့ကျန်းမာရေးအာဏာပိုင်တွေနဲ့ အနီးကပ်အကြံဉာဏ်တောင်းခံပြီး မူဝါဒကို ခိုင်မာအောင် လုပ်သွားမှာပါ။ ကျွန်တော်တို့ရဲ့ ချဉ်းကပ်မှုဟာ ပွင့်လင်းမြင်သာမှုရှိပြီး စဉ်တိုက်ဆက်တိုက် ဖြစ်အောင် ကြိုးပမ်းသွားမှာပါ။"လို့ Twitter ဘလော့ဂ်မှာ ပြောထားပါတယ်။

Twitter ဟာ ပြီးခဲ့တဲ့ မတ်လထဲမှာ ကုမ္ပဏီရဲ့ Explore page ထဲမှာ COVID-19 tab တစ်ခု ဖြန့်ချိခဲ့ပါတယ်။ Twitter ပလက်ဖောင်းပေါ်မှာ မှန်ကန်မျှတမှုရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်သတင်းအချက်အလက်တွေ ထောက်ပံ့ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO လို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းထားတယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က