Voice Tweet/DM တွေ သုံးနိုင်တော့မှာပါ
Nyein Min Wai

Twitter ရဲ့ အသံနဲ့ Tweet တင်နိုင် ၊ မက်ဆေ့ပို့နိုင်မယ့် audio chat room စနစ်ကို Beta Test အနေနဲ့ စမ်းသပ်မှု လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ဒီ feature ကို Spaces လို့ နာမည်ပေးထားပြီး Tweet နဲ့ Direct Messages တွေမှာ အသံဖိုင် Audio Clips တွေ မျှဝေနိုင်မှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေဟာ တခြားသူတွေ ဝင် Join နိုင်ဖို့ ကိုယ်ပိုင် Chat Rooms တွေ ဖန်တီးနိုင်မှာ ဖြစ်သလို ဒီ Spaces တွေအတွင်းမှာ ဘယ်သူတွေ စကားပြောနိုင်ပြီး ဘယ်သူတွေကိုတော့ စကားပြောခွင့်မပေးဘူးဆိုတာမျိုးလည်း ထိန်းချုပ်နိုင်မှာ ဖြစ်တယ်လို့ CNET သတင်းက ဆိုပါတယ်။

Photo: engadget

"လူသားတွေရဲ့ အသံကို ရင်းနှီးကျွမ်းဝင်စေဖို့ ဦးတည်တဲ့ စမ်းသပ်မှုလေးပါပဲ" လို့ ကြာသာပတေးနေ့က Twitter ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

Audios အသံဆက်သွယ်မှုဟာ အများပြည်သူစကားပြောခန်းမှာ ထပ်ပေါ်ပေါက်လာတဲ့ ဆက်သွယ်ရေးအလွှာတစ်ခု ဖြစ်လာမယ်လို့လည်း ဆိုပါတယ်။ ဂီတသမားတွေနဲ့ စာရေးဆရာတွေဟာ သူတို့ရဲ့ အနုပညာကို အသက်တင်အောင် တင်ပြနိုင်သလို တခြားသူတွေအနေနဲ့လည်း ကိုယ့်ရဲ့ ဖြစ်ရပ်တွေ ၊ ခံစားမှုတွေနဲ့ ကြည်နူးရွှင်မြူးစရာတွေကိုပါ အသံနဲ့ ပြောဖို့ သုံးနိုင်မယ်လို့ Twitter က ပြောပါတယ်။

ဒီ feature ကို feedback ပေးမယ့် လူအနည်းငယ်ပဲပါတဲ့ အဖွဲ့တစ်ခုနဲ့ စမ်းသပ်နေတယ်လို့ ဆိုပါတယ်။ ဒီလူတွေဟာ အောက်ခြေညာဘက်ထောင့်လေးမှာ ပါတဲ့ Compose button ကို ဖိထားပြီး Space တစ်ခု ဖန်တီးနိုင်သလို ညာဘက်ကို Swipe ပွတ်ချပြီး Fleet creation screen ကနေလည်း ဖန်တီးနိုင်မှာပါ။

Photo: Tech Crunch

လူတွေကို ကိုယ့် Space ထဲ လာဖို့ Link share ပြီး ဖြစ်ဖြစ် Link တစ်ခု Share ပြီး Direct message ကနေ ပေးပို့တာ ဖြစ်ဖြစ် Invite လုပ်နိုင်မှာ ဖြစ်ပါတယ်။ Twitter ဟာ Spaces ထဲမှာ Live Transcriptions စနစ် ၊ emoji ပေးခြင်း ၊ Report/Blocking နဲ့ Tweet Sharing လုပ်ခြင်းတွေလည်း စမ်းသပ်ထားပါတယ်။  


ဆက်စပ်အကြောင်းအရာများ


Author


က္က