Apple ကို ဖိုက်တဲ့ ကြော်ငြာလည်း သတင်းစာမှာ ထည့်ထားပါတယ်

Apple App Store စည်းကမ်းချက်တွေကို ဝေဖန်ကြောင်း ကြော်ငြာထည့်ခဲ့တဲ့ Facebook ဟာ ဒီတစ်ခေါက်မှာ iOS 14 ကြောင့် စီးပွားရေးလုပ်ငန်းသုံးသူတွေအတွက် ဈေးကွက်နဲ့ ကြော်ငြာပိုင်းမှာ ထိခိုက်မှုရှိနိုင်တယ်လို့ ကုမ္ပဏီရဲ့ပလက်ဖောင်းပေါ်မှာ သတိပေးထားပါတယ်။

လူမှုကွန်ရက်ကုမ္ပဏီ Facebook ရဲ့ တရားဝင် Apps ထဲမှာ iOS 14 privacy features သစ်ကြောင့် ကြော်ငြာရာမှာ သိသိသာသာ ထိခိုက်လာနိုင်ကြောင်း iOS နဲ့ Facebook Business Suite နဲ့ Facebook Ads လို app သုံးစွဲသူတွေကို သတိပေးမက်ဆေ့ပို့ထားတာ ဖြစ်ပါတယ်။ 9to5Mac မှာ ဖော်ပြချက်အရ သတိပေးမက်ဆေ့ရဲ့ ခေါင်းစဉ်ကို လာမယ့်အပြောင်းအလဲက သင့်ရဲ့ မားကတ်တင်းအားထုတ်မှုအပေါ် သက်ရောက်မှု ရှိနိုင် လို့ ခေါင်းစီးတပ်ထားပါတယ်။




Photo: 9to5mac

"Apple ဟာ ထုတ်ကုန်နဲ့ မူဝါဒအပြောင်းအလဲတွေ ကြေညာလိုက်ပါတယ်။ ဒီအပြောင်းအလဲတွေက သင့်ရဲ့ကြော်ငြာတဲ့ပုံစံ ၊ ကြော်ငြာရဲ့ စွမ်းဆောင်ရည် ကြည့်ရှုဖို့နဲ့ သင့်ဖောက်သည်တွေနဲ့ ချိတ်ဆက်‌ရေးပေါ် သိသိသာသာ သက်ရောက်မှုရှိလာနိုင်ပါတယ်။"လို့ မက်ဆေ့မှာ ဖော်ပြထားပါတယ်။ 

သတိပေးမက်ဆေ့အောက် က Learn More ခလုတ်ကို နှိပ်မယ်ဆိုရင် Facebook က ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ဆီ ရောက်သွားမှာပါ။ ဒီဆောင်းပါးမှာ WWDC 2020 မှာ ကြေညာခဲ့တဲ့ iOS 14 ဟာ စီးပွားလုပ်ငန်းကြီးထွားရေးနဲ့ အင်တာနက်လွတ်လပ်ခွင့်ကို ထိခိုက်နိုင်တယ်လို့ ဆိုထားပါတယ်။ App Store privacy labels နဲ့ iOS 14 သစ်တို့ဟာ သုံးစွဲသူတွေကို ခြေရာခံတဲ့ apps တွေ ကာကွယ်ပေးပါတယ်။

၂၀၂၀ နှစ်ဆန်းပိုင်းကလည်း Privacy features သစ်တွေကြောင့် ကြော်ငြာစီးပွားရေးဝင်ငွေဟာ ၅၀% နဲ့ ၆၀% အကြား ကျဆင်းသွားနိုင်တယ်လို့ Facebook ဟာ ခန့်မှန်းထားပါတယ်။ နှစ်ဆန်းပိုင်းကစပြီး Facebook ဟာ Apple ကို ဝေဖန်တိုက်ခိုက်မှု လုပ်ခဲ့သလို Apple ဘက်ကလည်း တန်ပြန်တုံ့ပြန်မှုတွေ လုပ်ခဲ့ပါတယ်။ 

Photo: The Verge

လောလောဆယ် App Store ပေါ်ကနေ Fortnite ဂိမ်းကို ဖြုတ်ချခဲ့တာကြောင့် Apple နဲ့ တရားတဘောင်ပြဿနာဖြစ်နေတဲ့ Epic Games ကို Facebook က ထောက်ခံထားပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ထဲမှာလည်း Facebook ဟာ Apple ကို တိုက်ခိုက်တဲ့ စာမျက်နှာပြည့် ကြော်ငြာတစ်ခုကို အနည်းဆုံး အမေရိကန်သတင်းစာ ၃ စောင်မှာ ကြော်ငြာခဲ့ပါတယ်။ 

Facebook ရဲ့ တိုက်ခိုက်မှုကို Apple CEO တင်မ်ကွတ်က "Facebook အနေနဲ့ အရင်လို apps နဲ့ ဝက်ဘ်ဆိုက်တွေကို ဆက်ပြီး ခြေရာခံနိုင်ပါတယ်။ iOS 14 ထဲမှာ ပါတဲ့ App Tracking Transparency ကတော့ လူတွေရဲ့ ခွင့်ပြုချက်အရင် တောင်းခံဖို့ပဲ လုပ်ထားတာ ဖြစ်တယ်"လို့ Twitter မှာ ‌တုံ့ပြန်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က