COVID-19 ကပ်ရောဂါကူးစက်မှုတွေကြောင့် ပိတ်ထားတဲ့ Apple Stores ဆိုင်ပေါင်း ၁၀၀ နီးပါးအထိ ရှိလာပြီလို့ ဆိုပါတယ်။

ခရစ္စမတ်အားလပ်ရက် အလုပ်အများဆုံး ဈေးရောင်းသီတင်းပတ်အတွင်းမှာ Apple ဟာ ကုမ္ပဏီရဲ့ လက်လီစတိုးဆိုအားလုံးရဲ့ ငါးပုံတစ်ပုံနီးပါးကို ယာယီပိတ်ထားရတယ်လို့ 9to5Mac သတင်းက ဖော်ပြထားပါတယ်။ ဒီဇင်ဘာ ၁၄ ရက်နေ့ကစပြီး ကမ္ဘာတစ်ဝန်းမှာ ပိတ်ထားတဲ့ Apple Store ဆိုင်ပေါင်း ၉၅ ဆိုင်အထိ ရှိလာပြီလို့ ဆိုပါတယ် ။ 



Photo: The Verge


Apple ဟာ ကယ်လီဖိုးရီးယားနဲ့တင်နက်ဆီမှာရှိတဲ့ စတိုးဆိုင်အားလုံးကို ပိတ်ထားပြီး ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ဒါဇင်နဲ့ ချီတဲ့ လော့စ်အိန်ဂျလိစ်စတိုးဆိုင်တွေ ပိတ်ထားတာ ဖြစ်ပါတယ်။ အမေရိကန်အနှံ့အပြားမှာ ရှိတဲ့ Apple Store တွေ ပိတ်ထားခဲ့ရသလို ယူကေမှာရှိတဲ့ ဆိုင်ပေါင်း ၁၆ ဆိုင်ကိုလည်း ပိတ်ထားရပါတယ်။ 

ဒီဇင်ဘာ ၂၀ ရက်နေ့ကစပြီး မက္ကဆီကိုနဲ့ ဘရာဇီးက ဆိုင်တွေလည်း ပိတ်သွားမယ်လို့ ဆိုပါတယ်။ Apple Store တွေ ပြန်ပိတ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကယ်လီဖိုးနီးယားဟာ အမေရိကန်မှာ COVID-19 ကူးစက်မှု ဗဟိုချက်သဖွယ် ဖြစ်ခဲ့ပါတယ်။


စနေနေ့အထိ ရရှိထားတဲ့အချက်အလက်တွေအရ ပြည်နယ်အတွင်း ရောဂါကူးစက်မှု ၁.၈ သန်းကျော် နဲ့ သေဆုံးသူ ၂၂၄၀၀ ကျော် ရှိခဲ့တာ ဖြစ်ပါတယ်။ ယူကေအစိုးရအဖွဲ့ကလည်း ဒီဇင်ဘာ ၂၀ ရက်နေ့ကစပြီး လန်ဒန်မှာ အရေးပေါ် Lockdown ချမယ်လို့ ကြေညာထားတာဖြစ်လို့ အသွားအလာပိတ်ဆို့ကန့်သတ်ထားတဲ့ ဒေသတွေမှာ ဖွင့်ထားတဲ့ Apple Store တွေ ယာယီပိတ်လိုက်ရတာ ဖြစ်တယ်လို့ ကုမ္ပဏီက Bloomberg ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းမှာလည်း Apple ဟာ ဂျာမနီနဲ့ နယ်သာလန်တို့မှာ ရှိတဲ့ Apple Stores ပေါင်း ၁၈ ဆိုင်ကို ပြန်ပိတ်ထားပါတယ်။ လက်ရှိမှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ Apple Store ဆိုင် ၅၀၉ နေရာအနက် ၄၀၁ နေရာပဲ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အမေရိကန်မှာ ဖွင့်ထားတဲ့ Apple Stores တွေကိုတော့ အွန်လိုင်းအော်ဒါမှာသူတွေ လာယူဖို့နဲ့ နဲ့ Genius Support တွေအတွက်ပဲ ကန့်သတ်ဝန်ဆောင်မှုပေးထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က