တရုတ်ကုမ္ပဏီ ၆၀ ခန့် Blacklist စာရင်းသွင်းခံခဲ့ရတာပါ

DJI ဒရုန်းကုမ္ပဏီနဲ့ နာမည်ကြီး SMIC ချပ်စ်ကုမ္ပဏီအပါအဝင် တရုတ်ကုမ္ပဏီ ၆၀ ခန့်ကို အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနက ကုန်သွယ်ရေးပိတ်ဆို့စာရင်းသွင်းလိုက်တယ်လို့ သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

Semiconductor Manufacturing International Corp (SMIC) ဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး chip maker တစ်ခုဖြစ်ပြီး တရုတ်စစ်တပ်နဲ့ အလုပ်လုပ်နေတယ်ဆိုတဲ့ စိုးရိမ်ချက်တွေနဲ့ အမေရိကန်ဘက်က ပိတ်ဆို့အရေးယူလိုက်တာ ဖြစ်တယ်လို့ South China Morning Post သတင်းက ဆိုပါတယ်။ အမျိုးသား လုံခြုံရေးအကြောင်းပြချက်နဲ့ Trade Blacklist သွင်းခံရတဲ့ တရုတ်ကုမ္ပဏီပေါင်း ၆၀ ခန့် ရှိပါတယ်။



Photo: WiscNews

"အမေရိကန်ရဲ့ အဆင့်မြင့်နည်းပညာကို ပြင်ပတစ်ဖက်နိုင်ငံစစ်တပ်တည်ဆောက်ရေးမှာ သုံးခွင့်ပြုမှာ မဟုတ်ပါဘူး" လို့ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနအတွင်းရေးမှူး ဝီလ်ဘာရော့စ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

Entity List ထဲ ထည့်လိုက်တာ ဖြစ်လို့ ဒီကုမ္ပဏီတွေအနေနဲ့ အမေရိကန်နည်းပညာနဲ့ ထုတ်ကုန်တွေ သုံးနေတဲ့ ကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်မယ်ဆိုရင် အထူးလိုင်စင်လိုအပ်မှာ ဖြစ်ပါတယ်။ အမေရိကန်ဒရုန်းဈေးကွက်ကို လွှမ်းမိုးထားတဲ့ ကမ္ဘာ့အကြီးဆုံး ဒရုန်းကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ DJI ကို Blacklist သွင်းရတဲ့အကြောင်းရင်းက DJI ထုတ်ကုန်တွေကို တရုတ်နဲ့ တခြားနေရာတွေမှာ လူ့အခွင့်အရေးအလွဲသုံးမှု လုပ်ရာမှာ သုံးနိုင်တာကြောင့်လို့ ဆိုပါတယ်။

Photo: TechPowerUp

Blacklist သွင်းခံရတဲ့ တရုတ်ကုမ္ပဏီတွေထဲမှာ Beijing Institute of Technology ၊ China Communications Construction Compnay နဲ့ China State Shipbuilding Corporation နဲ့ ချိတ်ဆက်နေတဲ့ သုတေသနလုပ်ငန်းတစ်ဒါဇင်ကျော်လည်း ပါဝင်နေပါတယ်။ အမေရိကန်အစိုးရဟာ အမျိုးသားလုံခြုံရေးစိုးရိမ်ချက်ကြောင့် Huawei နဲ့ ZTE တို့ကိုလည်း စီးပွားရေးပိတ်ဆို့ထားပါတယ်။

SMIC ဟာ အမေရိကန်ရဲ့ ကန့်သတ်ချက်တွေကို ကျော်ပြီး Huawei ကို chip ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ SMIC ဟာ Huawei အတွက် 14nm HiSilicon Kirin 710A chipset ထုတ်လုပ်ပေးခဲ့ပါတယ်။ SMIC ကို ပိတ်ပင်မှုဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုနဲ့ ရင်ဆိုင်နေရတဲ့ Huawei အတွက် ဘူးလေးရာဖရုံဆင့်ရတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က