နောက် ၄-၅ နှစ်အတွင်း Apple ထုတ် ကားတွေ မြင်ရမလား
Nyein Min Wai

ကမ္ဘာကျော် iPhone ကုမ္ပဏီဟာ လာမယ့် ၂၀၂၄ ခုနှစ်မှာ အဆင့်မြင့်ဘက်ထရီနည်းပညာပါ ကားတစ်မျိုးကို စတင်ထုတ်လုပ်ဖို့ ပြင်နေတယ်လို့ ဆိုပါတယ်။ 

Apple ဟာ မောင်းသူမဲ့ကားနည်းပညာကို တီထွင်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၂၄ မှာ ခရီးသည်တင်ယာဉ်တစ်မျိုးပါ ထုတ်လုပ်ဖို့ စီစဉ်နေကြောင်း Reuters သတင်းက ဖော်ပြထားပါတယ်။ Apple ဟာ ၂၀၁၄ ခုနှစ်ကတည်းက စပြီး Project Titan လို့ခေါ်တဲ့ ကားထုတ်လုပ်ရေး အစီအစဉ်တစ်ခုကို လုပ်ဆောင်ထားတာပါ။

Photo: CNBC


နောက်ပိုင်းမှာ Apple ဟာ လျှပ်စစ်ကားထုတ်လုပ်ဖို့ထက် အလိုအလျောက်မောင်းဆော့ဖ်ဝဲလ်စနစ်ဘက်ကို ဦးစားပေးလာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ Tesla Inc မှာ အလုပ်လုပ်ခဲ့တဲ့ Doug Field ဟာ Apple ရဲ့ ထုတ်ကုန်ဒီဇိုင်းဘက်မှာ ဒုဥက္ကဌဖြစ်လာခဲ့ပြီး နောက်တစ်နှစ်မှာ Apple Car ဌာနမှ ဝန်ထမ်း ၁၉၀ ခန့် အလုပ်မှ ဖြုတ်ခဲ့ပါတယ်။

အခုတစ်ကြိမ်မှာတော့ Apple ဟာ မောင်းသူမဲ့အငှားယာဉ်ဝန်ဆောင်မှုလုပ်ဖို့အတွက် Robo taxis တွေ ထုတ်လုပ်နေတဲ့ ပြိုင်ဘက် Alphabet Inc ရဲ့ Waymo ကားကုမ္ပဏီလိုမျိုး ခရီးသည်တင်ယာဉ်တွေ ထုတ်လုပ်ဖို့ ရည်မှန်းချက်ထားလာတာ ဖြစ်ပါတယ်။ Reuters သတင်းမှာ ၂၀၂၄ ခုနှစ်မှာ Apple ရဲ့ ခရီးသည်တင်ယာဉ်ထုတ်လုပ်စတင်မယ်လို့ ဆိုပေမယ့် ကိုရိုနာဗိုင်းရပ်ကပ်ဘေးကြောင့် ၂၀၂၅ ခုနှစ်အတွင်းနဲ့ နောက်ပိုင်းမှာ စတင်သွားဖို့လည်း ရှိနိုင်ပါတယ်။ 

Photo: Reuters

Apple ဟာ အလိုအလျောက်မောင်းနည်းပညာအတွက် LiDAR စနစ်အပါအဝင် တခြားအစိတ်အပိုင်းတွေကို Third party လုပ်ငန်းတွေဆီကနေ မှာယူနေတာပါ။ Apple ရဲ့ ဘက်ထရီနည်းပညာဟာ ဘက်ထရီ Capacity ပိုဆန့်တဲ့ Monocell ဒီဇိုင်းပေါ် အခြေခံတည်ဆောက်ထားပြီး ဈေးသက်သာမှုနဲ့အတူ တာရှည်အသုံးခံမယ်လို့ ဆိုပါတယ်။ Apple ကတော့ ဒါနဲ့ပတ်သက်လို့ မှတ်ချက်ချဖို့ ငြင်းဆန်ထားပါတယ်။

ထိုင်ဝမ် Economic Daily News သတင်းအရ Apple ထုတ် ကားတွေကို ၂၀၂၁ ခုနှစ်က စက်တင်ဘာလက စပြီး ဖြန့်ချိသွားဖို့ရှိတယ်လို့ပါ ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ထဲမှာ Apple ဈေးကွက်လေ့လာသူ မင်ချိကုအိုမှ Apple ဟာ ၂၀၂၃ နဲ့ ၂၀၂၅ ခုနှစ်အကြား ကားတစ်မျိုး ဖြန့်ချိမယ်လို့ ခန့်မှန်းခဲ့ဖူးပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က