Honor ဖုန်းထုတ်လုပ်မှု ၄၀ ရာခိုင်နှုန်း မြှင့်တင်သွားမှာပါ

တစ်ခါက Huawei ရဲ့ sub-brand တစ်ခုဖြစ်ခဲ့တဲ့ Honor ကတော့ ၂၀၂၁ မှာ ဖုန်းထုတ်လုပ်တင်ပို့မှု အရှိန်မြှင့်တင်သွားဖို့ ရှိပါတယ်။


Zhixin New Information Technology ကုမ္ပဏီလက်အောက် ရောက်သွားတဲ့ Honor ဟာ ၂၀၂၁ ခုနှစ်မှာ စမတ်ဖုန်းအရေအတွက် သန်း ၁၀၀ ခန့် ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ Nikkei Asia သတင်းက ဆိုပါတယ်။ ကုမ္ပဏီဟာ အမေရိကန်မှ supplier တွေကိုလည်း အသိပေးအကြောင်းကြားထားတယ်လို့ ဆိုပါတယ်။



Photo: Nikkei Asia


Honor အနေနဲ့ စမတ်ဖုန်းထုတ်လုပ်မှုကို ၄၀ ရာခိုင်နှုန်း မြှင့်တင်ဖို့ စီစဉ်နေတာ ဖြစ်ပေမယ့် အမေရိကန်အစိုးရဆီက ခွင့်ပြုချက်လည်း တောင်းခံဖို့ လိုအပ်ဦးမှာပါ။ ကုမ္ပဏီအနေနဲ့ လက်ရှိမှာ Huawei နဲ့ မသက်ဆိုင်တဲ့ လွတ်လပ်တဲ့စမတ်ဖုန်းစီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာပေမယ့် အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်သွားရဖို့ ရှိပါတယ်။

ကုမ္ပဏီဟာ အမေရိကန် ချပ်စ်ထုတ်လုပ်သူ Qualcomm နဲ့ chipset ဝယ်ယူဖို့ စကားပြောဆို ဆွေးနွေးမှုတွေ လုပ်ထားသလို ရှေ့ဆက်ပြီး မကြာခင်မှာ သဘောတူညီမှုတွေ ရလာဖို့ ရှိပါတယ်။ ထိုင်ဝမ်ချပ်စ်ကုမ္ပဏီ MediaTek ကလည်း Honor ကို chipset တင်သွင်းဖို့ ဥပဒေနဲ့အညီ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

Photo: cntechpost


Honor ဟာ တန်ဖိုးနည်းဖုန်းအမှတ်တံဆိပ်အနေနဲ့ ၂၀၁၃ မှာ Huawei ကနေ ဖြန့်ချိခဲ့တဲ့ brand တစ်ခု ဖြစ်ပါတယ်။ Huawei ကတော့ ၂၀၂၁ မှာ ဖုန်းအလုံးရေ သန်း ၆၀ နီးပါးပဲ တင်ပို့ဖို့ စီစဉ်ထားတယ်လို့ သတင်းထွက်နေပါတယ်။ တစ်နည်းအားဖြင့် Huawei နဲ့ Honor နှစ်ခုပေါင်းရဲ့ လာမယ့်နှစ် ဖုန်းတင်ပို့မှုဟာ ၂၀၁၉ ခုနှစ်က Huawei ဖုန်းထုတ်လုပ်နှုန်းရဲ့၂၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားတာ ဖြစ်ပါတယ်။

Huawei ရော Honor ကပါ ၂၀၂၁ ဖုန်းတင်ပို့မှု အစီအစဉ်အကြောင်း မှတ်ချက်ချပြောဆိုခြင်း မရှိသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ



က္က