update သစ် ပေးထားပါတယ်။

ဂိမ်းထဲမှာ Bugs တွေရှိခဲ့တာကြောင့် ငွေပြန်အမ်းခဲ့ရပေမယ့် Cyberpunk 2077 ဖြန့်ချိပြီး ၁၀ ရက်ခန့်အတွင်း ဂိမ်းခွေပေါင်း ၁၃ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

CD Projekt S.A ရဲ့ ရင်းနှီးမြှပ်နှံမှုအစီရင်ခံစာမှာ ဒီရလဒ်ကို ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ Digital နဲ့ physical အရောင်းချန်နယ်တွေက‌နေ ရောင်းချနိုင်ခဲ့တဲ့ ပမာဏဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဒီဇင်ဘာ ၁၀ ရက်ကနေ ဒီဇင်ဘာ ၂၀ ရက်နေ့အတွင်း အနည်းဆုံး Cyberpunk 2077 ဂိမ်းခွေပေါင်း ၁၃ သန်းကျော် (ဒေါ်လာ သန်း ၇၈၀ ကျော်ဖိုး) ရောင်းချနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။



Photo: gameinformer


ဒီဂိမ်းကို PlayStation Network အပါအဝင် ပလက်ဖောင်းတိုင်းကနေ ဒီဂျစ်တယ်ရော အခွေလိုက် physical ပါ ရောင်းချခဲ့တာပါ။ Cyberpunk 2077 ဈေးကွက်ထဲ မရောက်ခင်ကတည်းက pre-order မှာယူမှုပေါင်း ၈ သန်းကျော် ရှိခဲ့ပါတယ်။ ဂိမ်းတစ်ခွေကို ဒေါ်လာ ၆၀ ဝန်းကျင်နဲ့ ရောင်းချတာ ဖြစ်လို့ pre order မှာတင် ဒေါ်လာသန်း ၄၈၀ ကျော်ဖိုး ရောင်းချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

Cyberpunk 2077 ဟာ PC Game ဖြန့်ချိမှု သမိုင်းမှာ စံချိန်သစ်တင်ခဲ့ပြီး ဈေးကွက်တင်ဖြန့်ချိချိန်မှာလည်း ဒီနှစ်အတွက် ရောင်းအားအကောင်းဆုံး ဂိမ်းတွေထဲက တစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ The Verge သတင်းအရ ပိုလန်ဂိမ်းစတူဒီယို CD Projekt Red ရဲ့ အအောင်မြင်ဆုံးနဲ့ အချပ်ရေ ၂၈ သန်းကျော်အထိ ရောင်းချနိုင်ခဲ့တဲ့ ရောင်းအားအကောင်းဆုံး The Witcher 3: Wild Hunt ကိုတော့ မမှီသေးသလို ခေတ်အဆက်ဆက် ရောင်းအားအကောင်းဆုံး ထိပ်တန်းဂိမ်း ၅၀ ထဲမှာ ပါဖို့လည်း လိုသေးတယ်လို့ ဆိုပါတယ်။

Photo: indianexpress


ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာ Cyberpunk 2077 ကို PlayStation 4 ၊ XBox တို့နဲ့ ကစားသူတွေဟာ ကစားရအဆင်မပြေခြင်းနဲ့ ဂိမ်းရုပ်ထွက်ကျဆင်းတာမျိုးတွေ ကြုံခဲ့ရတာကြောင့် Sony နဲ့ Microsoft ကုမ္ပဏီတို့ဟာ သူတို့ဆီက ဒီဂိမ်းဝယ်ခဲ့သူတွေကို ငွေပြန်အမ်းမယ့် Refund အစီအစဉ်ကို လုပ်ဆောင်ခဲ့ရပါတယ်။ Sony ကတော့ ဒီဂိမ်းကို PlayStation Store ပေါ်ကနေပါ ဖယ်ရှားခဲ့တာပါ။

Cyberpunk 2077 ကို Sony က ဖယ်ရှားလိုက်ပြီးနောက် CD Projekt Red ရဲ့ စတော့ခ်ဟာ ၂၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ CD Projekt Red ဟာ Cyberpunk 2077 ဂိမ်းမှာတွေ့ရတဲ့ bugs တွေကို ရှင်းဖို့ updates တွေ ပေးထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က