၂၀၂၂ နောက်ပိုင်းမှာ သုံးနိုင်တော့မှာပါ

Apple ဟာ လာမယ့် ၂၀၂၂ ခုနှစ်မှာ ထုတ်လုပ်မယ့် TSMC ရဲ့ 3nm chips တွေကို အော်ဒါမှာယူမှုလုပ်ထားတယ်လို့ ဆိုပါတယ်။

Apple ဟာ 5nm အခြေခံ chipset တွေကို Apple A14 Bionic chipset တွှေမှာ ပထမဆုံး သုံးခဲ့တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ iPhone 12 series မှာ စတင်အသုံးပြုလာတဲ့ 5nm A14 Bionic chipset ဟာ စွမ်းအင်သုံးစွဲမှု နည်းပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ချပ်စ်တွေ ဖြစ်ပါတယ်။ Android OEMs တွေအနေနဲ့ Qualcomm Snapdragon 888 ၊ Exynos 2100 နဲ့ 1080 chips တွေကနေ 5nm chipset နည်းပညာကို သုံးလာတော့မှာပါ။



Photo: gizchina

Gizchina သတင်းအရ ကူပါတီနိုအခြေစိုက် Apple ကုမ္ပဏီဟာ ၂၀၂၂ ခုနှစ်မှာ စတင်ထုတ်လုပ်မယ့် 3nm chip အော်ဒါတွေကို TSMC ကနေ ကြိုမှာထားပြီလို့ ဆိုပါတယ်။ 3nm chip တွေကို နောက်ပိုင်းထွက်လာမယ့် iPads နဲ့ MacBooks တွေမှာ သုံးသွားဖို့ ရှိပါတယ်။ iPhone သစ်တွေမှာလည်း 3nm chipset သစ်တွေ သုံးလာမှာပါ။

ဒီနှစ်ထဲမှာ ကုမ္ပဏီဟာ ARM အခြေခံ M1 chipset သစ်ကို ဖြန့်ချိခဲ့ပါတယ်။ ဒီချပ်စ်ဟာ TSMC ရဲ့ 5nm နည်းပညာကို သုံးထားတာ ဖြစ်ပြီး ကုမ္ပဏီထုတ် MacBooks သစ်တွေမှာ ထည့်သွင်းလာခဲ့တာပါ။ Industry reports တွေအရ Apple ဟာ အသစ်ထွက်လာမယ့် iOS နဲ့ Apple Silicon ထုတ်ကုန်တွေမှာပါ 3nm process အခြေခံ chips တွေ မှာယူသွားမယ်လို့ ဆိုပါတယ်။

TSMC ဟာ Samsung ထက်အရင် 3nm process node ကို နောက်ဆုံးအဆင့် လက်စသတ်နေတဲ့ ချပ်စ်ကုမ္ပဏီဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ လာမယ့် ၂၀၂၁ ခုနှစ် နှစ်လယ်လောက်မှာ အစမ်းထုတ်လုပ်မှု စတင်သွားဖို့ ရှိပါတယ်။ လောလောဆယ်မှာ TSMC ဟာ Apple A14 Bionic နဲ့ M1 Chips တွေ အပါအဝင် Flagship ထုတ်ကုန်အများစုအတွက် 5nm processor တွေ ထုတ်လုပ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က