CD Projekt RED ကလည်း ခုခံလျှောက်လဲချက်ပေးသွားမှာပါ
Nyein Min Wai

Cyberpunk 2077 ကို ဖန်တီးတဲ့ ပိုလန်ဂိမ်းကုမ္ပဏီ CD Projekt RED ကို ရင်းနှီးမြှပ်နှံသူတွေက တရားစွဲလိုက်ပြီ ဖြစ်ပါတယ်။

PlayStation 4 နဲ့ Xbox တို့မှာ ကစားရအဆင်မပြေမှုတွေ ရှိခဲ့ပြီးနောက် Cyberpunk 2077 ဂိမ်း ဝယ်ခဲ့သူတွေကို Refund ငွေပြန်အမ်းခဲ့ရတဲ့ အဖြစ် ကြုံခဲ့ပါတယ်။ အားနည်းချက်တွေနဲ့ မိတ်ဆက်ဖြန့်ချိခဲ့မှုကြောင့် ဂိမ်းရင်းနှီးမြှပ်နှံသူတွေဟာ CD Projekt RED ကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။ 



Photo: newsy-today


bugs တွေ တက်ခဲ့ခြင်းကြောင့် လက်ရှိမျိုးဆက် Xbox နဲ့ PlayStation systems တွေပေါ်မှာ ဒီဂိမ်းကို ကစားဖို့ အဆင်မပြေဖြစ်ခဲ့ပါတယ်။Sony ကတော့ ဝယ်ယူခဲ့သူတွေကို Refund ‌ပေးခဲ့တဲ့အပြင် သူ့ရဲ့ PlayStation Store ပေါ်ကနေပါ Cyberpunk 2077 ဂိမ်းကို ဖယ်ရှားခဲ့ပါပတယ်။ Sony ၊ Microsoft နဲ့ CD Projekt တို့လည်း ဂိမ်းအတွက် ပြန်အမ်းငွေအပြည့်ပေးဖို့ ဖိအားပေးခံထားရပါတယ်။

Kotaku သတင်းအရ မက်ဟန်တန်အခြေစိုက် Rosen Law Firm က တာဝန်ယူပြီး ၂၀၂၀ ဇန်နဝါရီ ၁၆ ရက်ကနေ ၂၀၂၀ ဒီဇင်ဘာ ၁၇ ရက်နေ့အထိ CD Projekt RED ရဲ့ အများပိုင်စတော့ခ်တွေ ဝယ်ယူထားသူ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကိုယ်စား တရားစွဲတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီဇင်ဘာ ၁၈ ရက် Sony ရဲ့ PlayStation Store ပေါ်ကနေ ဖယ်ရှားခံရပြီးနောက် ကုမ္ပဏီရဲ့ ရှယ်ယာ ၁၆ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဆိုပါတယ်။


Photo: AI Bawaba

ဈေးကွက်ဖြန့်ချိမှုမှာ အမှားအယွင်းတွေ ကြုံခဲ့ပြီးနောက် CD Projekt အတွက် ငွေကြေးနဲ့ ဂုဏ်သတင်းပါ ထိခိုက်လာနိုင်ပါတယ်။ Cyberpunk 2077 ဟာ မထွက်ခင်က အားလုံးရဲ့ စိတ်ဝင်စားမှုကို အကြီးအကျယ် ဆွဲဆောင်နိုင်ခဲ့တဲ့ ဂိမ်းဖြစ်သလို ဂိမ်းမိတ်ဆက်ပြီးနောက်လည်း နှစ်ပတ်အတွင်းမှာ အခွေပေါင်း ၁၃ သန်းကျော် ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်အတွက် ရောင်းအားအကောင်းဆုံး ဂိမ်းစာရင်းဝင်ခဲ့ပေမယ့် တကယ်တမ်း မိတ်ဆက်ချိန်မှာ အခုလို ပြဿနာတွေ တက်လာခဲ့တာပါ။ CD Projekt ကတော့ ရင်းနှီးမြှပ်နှံသူတွေရဲ့ တရားစွဲဆိုမှုကို အကောင်းဆုံးခုခံသွားမယ်လို့ ဆိုပါတယ်။ Cyberpunk 2077 ဖြန့်ချိမှုက စပြီး ဂရပ်ဖစ်ပိုင်းနဲ့ ဂိမ်းကစားမှုကို အဆင့်မြှင့်တင်မှုအတွက် software patches သုံးကြိမ်ပေးထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က