ဧပြီလထဲမှာ စမ်းသပ်ခဲ့တာပါ

စက်ရုပ်နည်းပညာဆိုင်ရာ Start-Up ကုမ္ပဏီ Nuro ဟာ လာမယ့်နှစ်ဆန်းပိုင်းက စပြီး မောင်းသူမဲ့ပစ္စည်းပို့ဝန်ဆောင်မှုလုပ်ငန်းကို စတင်ဖို့ ပြင်ဆင်နေပါတယ်။

ကယ်လီဖိုးနီးယားဟာ ပထမဆုံးအကြိမ် စီးပွားရေးလုပ်ငန်းသုံး မောင်းသူမဲ့ ပစ္စည်းပို့ဝန်ဆောင်မှုကို ခွင့်ပြုလိုက်ပြီလို့ BBC သတင်းက ဆိုပါတယ်။ Nuro ရဲ့ R2 မောင်းသူမဲ့ပစ္စည်းပို့ယာဉ်တွေကို ကယ်လီဖိုးနီးယားပြည်အတွင်း နှစ် ဧပြီလထဲမှာ စတင် စမ်းသပ်ခဲ့တာ ဖြစ်ပြီး အခုမှ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက် ရလာတာ ဖြစ်ပါတယ်။ 



Photo: BBC

Nuro ရဲ့ မောင်းသူမဲ့ယာဉ်ဟာ တစ်နာရီ ၃၅မိုင်နှုန်းပဲ ကန့်သတ်ထားပြီး ရာသီဥတုသာယာတဲ့ အခြေအနေမျိုးမှာပဲ ပို့ဆောင်ပေးဖို့ သတ်မှတ်ထားပါတယ်။ Nuro ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ ပထမဆုံး အလိုအလျောက်မောင်းပစ္စည်းပို့ ဝန်ဆောင်မှုအဖြစ် ခွင့်ပြုချက်ရလိုက်တာ ဖြစ်ပါတယ်။ ခွင့်ပြုချက်ရပြီ ဖြစ်လို့ မောင်းသူမဲ့ယာဉ်ပစ္စည်းပို့ ဝန်ဆောင်မှုတွေအတွက် တန်ဆာခ ကောက်ခံတော့မှာပါ။

"ပထမဆုံး ဈေးကွက်ဝင်ခွင့်ပါမစ်ချပေးခြင်းဟာ ကယ်လီဖိုးနီးယားပြည်နယ်အတွင်း မောင်းသူမဲ့ယာဉ်ဖြစ်ပေါ်လာမှုအတွက် သိသာထင်ရှားတဲ့ မှတ်တိုင်တစ်ခုပါပဲ" လို့ ကယ်လီဖိုးနီးယား မော်တော်ယာဉ်လုပ်ငန်းဌာန ဒါရိုက်တာ စတိဗ်ဂေါ်ဒွန်က ဆိုပါတယ်။

Photo: BBC


Nuro ကို Google အင်ဂျင်နီယာဟောင်းနှစ်ဦးက တည်ထောင်ထားတာ ဖြစ်ပြီး ဂျပန်ရင်းနှီးမြှပ်နှံမှုလုပ်ငန်း SoftBank က ရံပုံငွေ ထောက်ပံ့ထားပါတယ်။ Nuro R2 ယာဉ်တွေဟာ ရေဒါများ ၊ အပူချိန်ပုံဖော်စနစ်များနဲ့ ပတ်ပတ်လည် ၃၆၀ ဒီဂရီ ကင်မရာတွေ တပ်ဆင်ထားပြီး လမ်းကြောင်း လှုပ်ရှားမှုကို ညွှန်ကြားတာပါ။ 

ထူးခြားတာက ဒီယာဉ်တွေမှာ စတီယာရင်ဘီးမပါသလို ဘရိတ်နဲ့ လီဗာတံတွေအပြင် နောက်ကြည့်မှန်တွေပါ တပ်ဆင်ထားခြင်း မရှိပါဘူး။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တက္ကဆက်ပြည်နယ် ဟူစတန်မှာ စပြီး စမ်းသပ်စဉ်က R2 ယာဉ်တွေဟာ Domino's Pizza အတွက် ပီဇာတွေ ပေးပို့ခဲ့သလို Kroger နဲ့ Walmart တို့လို စူပါမားကတ်တွေကနေ ကုန်ပစ္စည်းများပါ သယ်ဆောင်ပေးခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ



က္က