ဧရာမ ကင်မရာ Sensor တွေ လာတော့မှာပါ

ဒီနှစ်ထဲမှာ Samsung ဟာ အကြီးစား ကင်မရာ sensor သစ်တွေ မိတ်ဆက်သွားမယ်လို့ သတင်းတွေ ထွက်နေပါတယ်။

၂၀၁၉ ခုနှစ်ကစပြီး Samsung ရဲ့ ISOCELL Bright HMX ကနေ စတင်လိုက်တဲ့ ကင်မရာ sensor အကြီးစားတွေကြောင့် စမတ်ဖုန်းကင်မရာလောကဟာ Trend သစ် ဖြစ်လာခဲ့ပါတယ်။ အခုဆို Samsung ထုတ် 108MP sensor ကို Xiaomi Mi 11 နဲ့ Galaxy S20 Ultra တို့မှာ တွေ့မြင်ရပြီ ဖြစ်ပါတယ်။ Samsung သတင်းတွေနဲ့ပတ်သက်ပြီး ယုံကြည်လောက်တဲ့ တစ်ကြိုသမားတစ်ဦးဖြစ်တဲ့ Ice Universe ကတော့ ဒီနှစ်ထဲမှာ Samsung ISOCELL ဟာ ဆန်းသစ်တီထွင်မှုရှိတဲ့ sensor တွေ ဖြန့်ချိသွားမယ်လို့ဆိုပါတယ်။




ဒီထဲမှာ 200MP sensor လည်း မကြာမီ လာမည်လို့ ပြောထားပါတယ်။ ထုံးစံအတိုင်း 200MP sensor ဟာ high-end ထုတ်ကုန်တွေမှာ သုံးမယ့်ကင်မရာ sensor ဖြစ်လာမှာပါ။ လောလောဆယ်မှာတော့ ဒီ sensor အကြောင်းအသေးစိတ်အချက်အလက်တွေ ဘာမှ မသိရသေးပါဘူး။ ၂၀၂၀ ဧပြီလထဲမှာ ကြားခဲ့ရတဲ့ သတင်းတစ်ပုဒ်မှာတော့ Samsung ဟာ 250MP sensor တစ်မျိုး ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။

ဒီ sensor ဟာ ဒေါင့်ဖြတ်အလျား ၁ လက်မရှိပြီး လက်ရှိမှာ အကြီးဆုံး sensor ဖြစ်တဲ့ 1/33" 108MP sensor ထက်ကို သိသိသာသာကြီးမားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 200MP sensor ဆိုရင်တော့ ၁ လက်မအောက်အရွယ်အစားပဲ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ Ice Universe ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကပဲ Samsung ဟာ 600MP sensor ထုတ်နေတဲ့အကြောင်း သတင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဒီ sensor ဟာ လူ့မျက်လုံးရဲ့ အမြင်စွမ်းအားထက်ကို ပိုမိုသာလွန်တဲ့ ကင်မရာစနစ် ဖော်ဆောင်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

သေချာတဲ့အချက်က ဒီနှစ်ကုန်ပိုင်းလောက်မှာ ဧရာမကင်မရာ sensor တွေပါတဲ့ ဖုန်းတွေ မြင်ရဖို့ နီးစပ်နေပြီဆိုတာပဲ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က