ဆက်သွယ်ရေးပစ္စည်းအစိတ်အပိုင်းနဲ့ Intelligent Solutions ပိုင်းဆိုင်ရာတွေ ထောက်ပံ့မယ့်ဘက်ကို သွားဖို့ ရှိပါတယ်။

တရုတ်နိုင်ငံ Jiangsu ပြည်နယ်မှာ Wuxi မြို့မှာ Huawei ဟာ စမတ်လမ်းတွေ တည်ဆောက်နေတယ်လို့ ဆိုပါတယ်။ 

ယာဉ်မောင်းမလိုတဲ့ အလိုအလျောက်မောင်း ယာဉ်နည်းပညာဟာ အနာဂါတ်မှာ ခေတ်စားလာမယ့် နည်းပညာတစ်ခုအဖြစ် ရှိနေပြီး ကမ္ဘာတစ်လွှားက ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတွေဟာ မောင်းသူမဲ့ကားဆိုင်ရာ နည်းပညာတွေကို အပြိုင်အဆိုင် ဖော်ထုတ်နေတာ ဖြစ်ပါတယ်။ Huawei ကတော့ မောင်းသူမဲ့ကားတွေနဲ့ အပြန်အလှန်ချိတ်ဆက်ပြီး ပံ့ပိုးမှုပေးနိုင်မယ့် Smart Roads နည်းပညာဘက်ကို သွားနေတာ ဖြစ်ပါတယ်။



Photo: Yahoo Finance


ကုမ္ပဏီဟာ တရုတ်နိုင်ငံ Wuxi မြို့မှာ စမတ်လမ်းတွေ စပြီး ခင်းဖို့ လုပ်ဆောင်နေတယ်လို့ Gizmochina သတင်းက ဖော်ပြထားပါတယ်။ Huawei ဟာ လေးကီလိုမီတာ ရှည်လျားတဲ့ စမတ်လမ်းကြောင်းတစ်ခုကို စမ်းသပ်နေတာ ဖြစ်ပါတယ်။ ဒီစမတ်လမ်းပေါ်မှာ သွားနေတဲ့ ကားရဲ့ ဘေးပတ်ပတ်လည်က အချက်အလက်တွေကို အခြေခံပြီး မောင်းသူမဲ့ဘတ်စ်ကားတွေ ရှေ့တိုးနောက်ဆုတ်လုပ်ခြင်း ၊ အရှိန်တင်/ချပုံစံ ၊ လမ်းကြောင်းအတားအဆီး ၊ ရပ်နားဖို့ လုပ်ခြင်းနဲ့ တခြား လုပ်ဆောင်မှုတွေအားလုံးကို စမ်းသပ်လုပ်ဆောင်နေတာပါ။ 

လမ်းပေါ်နဲ့ အချက်ပြမီးတွေ တခြား သင်္ကေတအားလုံးမှာ မောင်းသူမဲ့ကားတွေနဲ့ ချိတ်ဆက်နိုင်မယ့် အာရုံခံစနစ်များ ၊ ကင်မရာနဲ့ ရေဒါများ ပါရှိပါတယ်။ ဒီစမ်းသပ်မှုကို Huawei Technologies နဲ့ သူ့ ပါတနာ ကုမ္ပဏီတွေ ပူးပေါင်းပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ ပထမဆုံး အမျိုးသားအဆင့် ဉာဏ်ရည်မြင့် ချိတ်ဆက်နိုင်ကားတွေအတွက် ပရောဂျက်တစ်ခုလည်း ဖြစ်ပါတယ်။ 

"အလိုအလျောက်မောင်းနှင်မှုနည်းပညာက ငြင်းပယ်ရှောင်လွှဲလို့မရတဲ့ ရေစီးကြောင်းတစ်ခုပါပဲ။ ဒါပေမယ့်လည်း မောင်းသူမဲ့ကားချည်းသက်သက်တော့ အလုပ်မဖြစ်ပါဘူး။ တစ်ခုတည်းသောအဖြေက လမ်းတွေဆီက သတင်းအချက်အလက်တွေ ပိုရယူနိုင်ဖို့ ဖြစ်ပါတယ်။" လို့ Huawei ရဲ့ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာလုပ်ငန်း ဥက္ကဌတစ်ဦးဖြစ်သူ Jiang Wangcheng က ဆိုပါတယ်။ 

Photo: Gizmochina


လက်ရှိ စမ်းသပ်မှုမှာ သုံးနေတဲ့ အလိုအလျောက်မောင်း ဘတ်စ်ကားကို X-Bus လို့ နာမည်ပေးထားပြီး ဒီဘတ်စ်ဟာ သယ်ယူပို့ဆောင်မှု အထိန်းကွန်ရက်တစ်ခုနဲ့ ချိတ်ဆက်ထားပါတယ်။ ဒီအထိန်းကွန်ရက်မှာ စမတ်လမ်းတွေပေါ် လုပ်ရမယ့် လုပ်ဆောင်ချက်တိုင်းကို အသွားအပြန် Two-Way ပုံစံနဲ့ ဆက်သွယ်နေတာ ဖြစ်လို့ ဘတ်စ်က ကွန်ရက်ကို သတင်းအချက်အလက်တွေ ဆက်တိုက်ပေးပို့ပြီး လိုအပ်သလို တောင်းဆိုမှုတွေ ပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီဘတ်စ်တွေဟာ အလိုအလျောက်မောင်းယာဉ်တွေ ဖြစ်ပေမယ့် ကားမောင်းသူနေရာမှာ ဘေးကင်းစိတ်ချရဖို့ လူယာဉ်မောင်းတစ်ဦးလည်း ထားပြီး စမ်းသပ်နေတာပါ။ Huawei အနေနဲ့ တခြား နည်းပညာကုမ္ပဏီကြီးတွေလို မောင်းသူမဲ့ကားထုတ်ဖို့ထက် မောင်းသူမဲ့ကားအတွက် လိုအပ်တဲ့ ဆက်သွယ်ရေးပစ္စည်းအစိတ်အပိုင်းနဲ့ Intelligent Solutions ပိုင်းဆိုင်ရာတွေ ထောက်ပံ့မယ့်ဘက်ကို သွားဖို့ ရှိပါတယ်။ 



ဆက်စပ်အကြောင်းအရာများ



က္က