ကုမ္ပဏီအကျိုးစီးပွားကို ကာကွယ်သွားမှာပါ

အမေရိကန်အစိုးရရဲ့ နာမည်ပျက်စာရင်းမှာ ထည့်သွင်းခံရပြီး နောက်တစ်နေ့မှာ တရုတ်စစ်တပ်နဲ့ ပတ်သက်မှုမရှိကြောင်း Xiaomi က တရားဝင် ကြေညာချက် ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့က ထရမ့်အစိုးရအဖွဲ့ဟာ Xiaomi အပါအဝင် တရုတ်ကုမ္ပဏီ ၉ ခုကို တရုတ်စစ်တပ်နဲ့ ဆက်နွှယ်မှုရှိနိုင်တယ်ဆိုတဲ့ ထင်မြင်ချက်နဲ့ အမေရိကန်အစိုးရရဲ့ Blacklist စာရင်းမှာ ထည့်သွင်းခဲ့တာပါ။ Blacklist စာရင်းသွင်းခံရတာကြောင့် အမေရိကန်ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှပ်နှံသူတွေဟာ Xiaomi မှာ ရင်းနှီးမြှပ်နှံမှု တားမြစ်ခံရမှာ ဖြစ်ပါတယ်။ ရှယ်ယာရှင်တွေအနေနဲ့ ၂၀၂၁ နိုဝင်ဘာ ၁၁ ရက်နေ့မှာ နောက်ဆုံးထားပြီး ကိုယ့်ပိုင် Xiaomi ရှယ်ယာတွေ ရောင်းချဖို့လည်း ညွှန်ကြားထားပါတယ်။



Photo: technobaboy


ဒီအမိန့်ထွက်လာပြီးနောက် Xiaomi ဘက်ကလည်း တရုတ်စစ်တပ်နဲ့ ပတ်သက်မှုမရှိကြောင်း တရားဝင် ထုတ်ပြန်လိုက်တာပါ။ Android Authority ကို ပေးပို့တဲ့ ထုတ်ပြန်ချက်ထဲမှာ စီးပွားရေးလုပ်ထုံးတွေကို ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

"ကုမ္ပဏီအနေနဲ့ တရုတ်စစ်တပ်က ပိုင်ဆိုင် ၊ ထိန်းချုပ် နဲ့ ဆက်စပ်မှု မရှိကြောင်း အတည်ပြုချင်ပါတယ်။ NDAA အောက်မှာ ပြောထားသလို ကွန်မြူနစ်တရုတ်စစ်တပ်ကုမ္ပဏီတစ်ခုလည်း မဟုတ်ပါဘူး။ ကုမ္ပဏီဘက်ကတော့ ရှယ်ယာရှင်တွေနဲ့ ကုမ္ပဏီရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဆောင်သွားမှာပါ။" လို့ ဆိုပါတယ်။

အမေရိကန်အစိုးရအဖွဲ့ဟာ တရုတ်စပ်တပ်နဲ့ ပတ်သက်ကြောင်း ယူဆထားတဲ့ တရုတ်ကုမ္ပဏီတွေကို နာမည်ပျက်စာရင်းသွင်းခြင်း ၊ ကုန်သွယ်ရေးပိတ်ဆို့မှုလုပ်ခြင်းများ လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ သမ္မတဂျိုးဘိုင်ဒင်ဟာ လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ အမေရိကန်သမ္မတရာထူး ယူသွားမှာ ဖြစ်လို့ တရုတ်ကုမ္ပဏီတွေအပေါ် Blacklist သွင်းတဲ့အပေါ် ဆုံးဖြတ်ချက် ပြောင်းသွားမလား စောင့်ကြည့်ရမှာပါ။ 


ဆက်စပ်အကြောင်းအရာများ



က္က