Flex Factory ရဲ့ ပထမဆုံး Mac Pro ဆိုပြီး ပေးခဲ့တာပါ

Apple CEO တင်မ်ကွတ်ဟာ ၂၀၁၉ ခုနှစ်က စက်ရုံလာကြည့်တဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ဒေါ်လာ ၆၀၀၀ တန် Mac Pro သစ် လက်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

New York Times မှ ဒေးဗစ်အန်းရစ်ချ်က Twitter ပေါ် ဖွင့်ချလိုက်ရာကနေ ပေါ်လာတာပါ။ သူ့ရဲ့ tweet မှာ သမ္မတဟောင်း ထရမ့်ကို လက်ဆောင်ပေးခဲ့သူတွေထဲမှာ Ford ၊ Being နဲ့ Apple အမှုဆောင်အရာရှိချုပ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒေးဗစ်အန်းရစ်ချ်ရထားတဲ့ အထောက်အထားမှာ Mac Pro ဟာ တက္ကဆက်ပြည်နယ် ၊ ဩစတင်မှ Flex Factory ကနေ ပထမဆုံး ဖန်တီးထားတဲ့ ထုတ်ကုန်အဖြစ် ဖော်ပြထားပြီး တန်ဖိုး ၅၉၉၉ ဒေါ်လာလို့ ပါရှိပါတယ်။



Photo: ဒေးဗစ်အန်းရစ် Tweet


၂၀၁၉ ခုနှစ်က Apple ဟာ တက္ကဆက်ပြည်နယ် ဩစတင်မှာ ရှိတဲ့ သူ့ရဲ့ပါတနာကုမ္ပဏီ Flex Factory မှာ ပွဲတစ်ပွဲကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ သမ္မတထရမ့်ကိုလည်း ဖိတ်ကြားခဲ့ပြီး အမေရိကန်မှာ ထုတ်လုပ်တဲ့ ပထမဆုံး Mac Pro အဖြစ် လိမ်လည်ပြောဆိုခဲ့ကြောင်း The Verge သတင်းက ဆိုပါတယ်။ Flex Factory ဟာ ၂၀၁၃ ခုနှစ်ကတည်းက Mac Pros တွေ ထုတ်လာတဲ့ စက်ရုံဖြစ်ပါတယ်။ 

သမ္မတဟောင်း ထရမ့်လက်ထက်မှာ အမေရိကန်ထုတ်လုပ်မှု မြှင့်တင်ရေး တွန်အားပေးခဲ့တာကြောင့် အမေရိကန်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Apple ဟာ ဇာတ်လမ်းတစ်ခုဆင်ခဲ့တာ ဖြစ်ပါတယ်။ သမ္မတဟောင်းထရမ့်ကို Flex Factory မှာ ဖိတ်ကြားချိန်ကလည်း မျိုးဆက်သစ် Mac Pro ကို အမေရိကန်မှာပဲ တပ်ဆင်ထုတ်လုပ်မှာ ဖြစ်ကြောင်း ကြေညာစေဖို့ ဖိတ်ခဲ့တာ ဖြစ်ပါတယ်။

Photo:appleinsider

အဲဒီပွဲမှာလည်း တင်မ်ကွတ်ဟာ "အမေရိကန်ဒီဇိုင်း ၊ အမေရိကန်ထုတ်လုပ်မှုနဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာ ဥပမာတစ်ခုအဖြစ်" ထုတ်လုပ်နိုင်တဲ့ဒီထုတ်ကုန်တစ်ခု ပိုင်ဆိုင်တဲ့အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။ ပွဲအပြီး သမ္မတထရမ့်ကို Mac Pro တစ်လုံး လက်ဆောင်ပေးခဲ့ပေမယ့် ဘီးတွေနဲ့ Pro Display XDR တို့တော့ မပါခဲ့ဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ Apple အနေဲ့ အမေရိကန်ပြည်ထောင်စုအတွင်း Mac Pro မော်ဒယ်တွေ ဆက်လုပ်ထုတ်လုပ်နေပေမယ့် တခြားနိုင်ငံတွေမှာ ရောင်းချတဲ့ Mac Pro တွေကိုတော့ တရုတ်နိုင်ငံမှာပဲ တပ်ဆင်နေတာ ဖြစ်ပါတယ်။





က္က