နည်းပညာကုမ္ပဏီတွေနဲ့ ဆွေးနွေးထားပါတယ်

"ဒီနှစ်အတွက် ကျွန်တော်တို့ရဲ့ အဓိကမစ်ရှင်က တရုတ်နိုင်ငံအတွင်းမှာ Huawei နဲ့ Apple တို့ကို ယှဉ်ပြိုင်နိုင်တဲ့ Flagship ဖုန်းတွေ ထုတ်လုပ်ဖို့ပါပဲ" လို့ Honor အမှုဆောင်အရာရှိချုပ် ဂျော့ချ် ဇောင်မင်းက ဆိုပါတယ်။ 

Huawei က‌နေ ခွဲထွက်လာတဲ့ Honor ဖုန်းကုမ္ပဏီဟာ အမေရိကန်ကုမ္ပဏီတွေနဲ့ ပါတနာမလုပ်နိုင်စရာအကြောင်းမရှိဘူးလို့ ကုမ္ပဏီရဲ့ CEO က ပြောထားပါတယ်။ နောင်ထွက်လာမယ့် Honor ထုတ်ကုန်တွေမှာ Google အပါအဝင် တခြားကုမ္ပဏီတွေ ဖြစ်တဲ့ Intel ၊ AMD ၊ Qualcomm နဲ့ MediaTek တို့နဲ့လည်း ပူးပေါင်းသွားမှာ ဖြစ်တယ်လို့ South China Morning Post သတင်းက ဖော်ပြထားပါတယ်။ 



Photo:SCMP


Zhixin New Information Technology ပိုင် Honor ဟာ ဒီနှစ်ထဲမှာ ဖုန်းတင်ပို့မှု ၄၀% အထိ တိုးမြှင့်လာဖို့လည်း ရည်မှန်းထားတာပါ။ ၂၀၂၁ ထဲမှာ Honor ရဲ့ Flagship ဖုန်းသစ်တွေ ပိုမြင်ရဖို့ ရှိပြီး ဖုန်းအလုံးရေ စုစုပေါင်း သန်း ၁၀၀ အထိ တင်ပို့သွားဖို့လည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ Honor CEO ရဲ့အဆိုအရ နည်းပညာလုပ်ငန်းနှစ်ခုနဲ့တောင် စကားပြောပြီးသွားပြီလို့ ဆိုပါတယ်။ 

Honor ဟာ မကြာသေးခင်ကလည်း Google နဲ့ ဆွေးနွေးညှိနှိုင်းမှု လုပ်ထားတယ်လို့ သတင်းထွက်ထားပါတယ်။ ဒါကြောင့် ဒီနှစ်ထဲမှာ ထွက်လာမယ့် Honor ဖုန်းတွေမှာ Google Services တွေ ဖြစ်တဲ့ Google Search ၊ YouTube ၊ Google Play Store စတဲ့ ဝန်ဆောင်မှုတွေ သုံးနိုင်တော့မှာ ဖြစ်ပါတယ်။ နောက်ဆုံးပေါ် အမေရိကန် Chipset နည်းပညာနဲ့ ထုတ်ကုန်တွေလည်း သုံးနိုင်ဖို့ အလားအလာကောင်းနေပါတယ်။

Huawei ကနေ ခွဲထွက်ပြီးနောက် လွတ်လပ်တဲ့ Honor brand အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Honor V40 5G ကို ပထမဆုံးကြေညာနိုင်ခဲ့ပါတယ်။ Honor V40 5G ကို တရုတ်ဈေးကွက်မှာပဲ အရင် ကြေညာထားတာ ဖြစ်ပြီး Global Version မှာ Google Services ရမယ်/မရဘူးဆိုတာတော့ မသိရသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ



က္က