မြန်မာနိုင်ငံအတွင်းက အခြေအနေတွေကို အရေးပေါ်အခြေအနေအဖြစ် ကိုင်တွယ်နေတယ်လို့ ဆိုပါတယ်

မြန်မာစစ်တပ်က ထိန်းချုပ်ထားတဲ့ စာမျက်နှာနဲ့ အကောင့်တွေက အကြောင်းအရာတွေကို လူထုဆီ ပျံ့နှံ့ရောက်ရှိမှု လျှော့ချဖို့ အပါအဝင် မြန်မာနိုင်ငံအရေး Facebook က လုပ်ဆောင်မှု အချက်အလက်တချို့ ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာနိုင်ငံအတွင်း စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မထင်မှတ်ဘဲ ပြောင်းလဲသွားတဲ့ မြေပြင်အခြေအနေတွေနဲ့ လိုက်လျောညီထွေမှုရှိအောင် Facebook ကကြိုးစားနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ Facebook က မြန်မာနိုင်ငံအတွင်းက အခြေအနေတွေကို အရေးပေါ်အခြေအနေအဖြစ် ကိုင်တွယ်နေပြီး အပိုင်း ၃ ပိုင်းနဲ့ လုပ်ဆောင်ဖို့ အာရုံစိုက်နေတာပါ။



Photo: India Today

တစ်ခုက Facebook လူမှုအသိုင်းအဝိုင်းကို ဘေးကင်းစေရေး အန္တရာယ်ရှိတဲ့ အွန်လိုင်းအကြောင်းအရာတွေကို တားမြစ်ဖို့ ၊ ပြည်တွင်း Facebook သုံးစွဲသူ သန်းပေါင်းများစွာရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကာကွယ်ဖို့ နဲ့ Facebook ၊ Messenger စတဲ့ ကုမ္ပဏီပိုင် apps တွေကို ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် အရင်းအမြစ်အဖြစ် သုံးနိုင်စေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

Facebook ဟာ သတင်းအချက်အလက်အမှားတွေ ဖြန့်နေတဲ့ မြန်မာစစ်တပ် ထိန်းချုပ်ထားတဲ့ Pages နဲ့ အကောင့်တွေရဲ့ လူမှုကွန်ရက်ပေါ် ပျံ့နှံ့နှုန်းကိုလည်း သိသိသာသာ လျှော့ချသွားမယ်လို့ ထုတ်ပြန်ပါတယ်။ ဒီထဲမှာ စစ်တပ်က ဖွင့်ထားတဲ့ တပ်မတော်သတင်းအချက်အလက် ပြန်ကြားရေးအဖွဲ့ Facebook စာမျက်နှာနဲ့ စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းရဲ့ Facebook အကောင့်တို့လည်း ပါဝင်ပြီး အခြား စစ်တပ်လက်အောက်ခံ Pages တွေကိုလည်း အလားတူ အရေးယူသွားမယ်လို့ ဆိုပါတယ်။



က္က